Friday, February 15, 2013

ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားမှုကို ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် မြို့ နယ် ၇ဝ ကျော်၌ ဆောင်ရွက်မည်

Photo: ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားမှုကို ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် မြို့ နယ် ၇ဝ ကျော်၌ ဆောင်ရွက်မည်
Friday, February 15, 2013

မြန်မာနိုင်ငံ၌ လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူရန် အခက်အခဲရှိနေသော ကလေးများ
အတွက် ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားရေး အစီအစဉ်ကို ၂ဝ၁၃-၁၄ ပညာသင်နှစ်၌ မြို့နယ် (၇ဝ) ကျော်တွင် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ၂ဝဝ၈-ဝ၉ ပညာသင်နှစ်မှ စတင်ဆောင်ရွက်
ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် ကျောင်းပြင်ပ ပညာရေး မြို့နယ်များအဖြစ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၂၅) မြို့ နယ်၊ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၃၉) မြို့နယ်နှင့် သီးသန့်အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြို့နယ်များ ပါဝင်ရေတွက်ပါက စုစုပေါင်းမြို့နယ် (၇၃) မြို့နယ်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်
ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညို၊ အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာနနှင့် အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုလုပ်ငန်း ကော်မတီနှင့် နည်းပညာအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် အသီးသီးတို့မှ ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဆောင်ရွက်နေသူများ တက်ရောက် ဆွေးနွေးခဲ့သည်။

''ကျောင်းပြင်ပ မူလတန်းပညာရေးရဲ့ လုပ်ငန်းသဘော သဘာဝနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို သိရှိစေဖို့အတွက် မြို့နယ်အဟောင်းနဲ့ မြို့နယ်အသစ်တွေကို ဖိတ်ကြားညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပညာသင်ယူဖို့ အခက်အခဲ ရှိနေတဲ့ ကလေးတွေအတွက် ပညာသင်ယူခွင့် ရရှိအောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညိုက လုပ်ငန်းအကြို
ညှိနှိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက် စခန်းတွေကိုလည်း လာမယ့်ဇွန်လ (၁၅) ရက်နေ့လောက်မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး သင်တန်းသား ကလေးများစာရင်း ကောက်ယူရေး၊ အခြေစိုက်စခန်းများ သတ်မှတ်ရေး၊ မြို့နယ်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ ရွေးချယ်ရေး လုပ်ငန်းများကိုလည်း အဆိုပါ ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Eleven Media Groupမြန်မာနိုင်ငံ၌ လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူရန် အခက်အခဲရှိနေသော ကလေးများ အတွက် ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားရေး အစီအစဉ်ကို ၂ဝ၁၃-၁၄ ပညာသင်နှစ်၌ မြို့နယ် (၇ဝ) ကျော်တွင် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ၂ဝဝ၈-ဝ၉ ပညာသင်နှစ်မှ စတင်ဆောင်ရွက်
ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် ကျောင်းပြင်ပ ပညာရေး မြို့နယ်များအဖြစ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၂၅) မြို့ နယ်၊ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၃၉) မြို့နယ်နှင့် သီးသန့်အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြို့နယ်များ ပါဝင်ရေတွက်ပါက စုစုပေါင်းမြို့နယ် (၇၃) မြို့နယ်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းအကြိုညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက် (၉) နာရီ အချိန်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေးနိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညို၊ အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာနနှင့် အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုလုပ်ငန်း ကော်မတီနှင့် နည်းပညာအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် အသီးသီးတို့မှ ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဆောင် ရွက်နေသူများ တက်ရောက် ဆွေးနွေးခဲ့သည်။

''ကျောင်းပြင်ပ မူလတန်းပညာရေးရဲ့ လုပ်ငန်းသဘော သဘာဝနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို သိရှိစေဖို့အတွက် မြို့နယ်အဟောင်းနဲ့ မြို့နယ်အသစ်တွေကို ဖိတ်ကြားညှိနှိုင်း ဆွေးနွေး ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပညာသင်ယူဖို့ အခက်အခဲ ရှိနေတဲ့ ကလေးတွေအတွက် ပညာသင်ယူခွင့် ရရှိအောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး နိုင်ငံ အဆင့် ညှိနှိုင်းရေး မှူး ဦးတင်ညိုက လုပ်ငန်းအကြို ညှိနှိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက် စခန်းတွေကိုလည်း လာမယ့်ဇွန်လ (၁၅) ရက်နေ့လောက်မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး သင်တန်းသား ကလေးများစာရင်း ကောက်ယူရေး၊ အခြေစိုက်စခန်းများ သတ်မှတ်ရေး၊ မြို့နယ်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ ရွေးချယ်ရေး လုပ်ငန်းများကိုလည်း အဆိုပါ ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

From : Eleven Media Group

No comments:

Post a Comment