နာမည်ကျော် မသန်စွမ်း အားကစား အကျော်အမော် တစ်ဦးဖြစ်သောအော်စကာ ပစ္စတိုးရီးရပ်စ်သည် ယခုအခါ ချစ်သူ အမျိုးသမီးအား သတ်ဖြတ်မှုအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီ ဖြစ်သည်။ Blade Runnerဟု နာမည်ကြီးပြီး ခြေနှစ်ချောင်းလုံး မရှိသော်လည်း သတ္တုခြေထောက်များဖြင့် လျင်မြန်စွာ ပြေးလွှားနိုင်သည့် အားကစားသမားသည် ၎င်း၏ ချစ်သူဟောင်းဖြစ်သည့် FHM မော်ဒယ်လ်ဟောင်း ရီဗာ စတင်းကမ့်ကို သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်။
Valentine's Dayက ဖြစ်ရပ်အတွင်း ဂျိုဟန်နက်စဘက်မြို့ မြောက်ပိုင်းရှိ အော်စကာ၏ စံအိမ်တွင် ရီဗာမှာ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
အိမ်နီးချင်းများက အော်သံများနှင့်အတူ သေနတ်သံလေးချက် ကြားလိုက်ရကြောင်း နောက်ပိုင်းတွင် ရဲများထံ ထွက်ဆိုခဲ့သည်။ အသက်(၃၀)အရွယ် ရီဗာသည် ခေါင်းနှင့် လက်တို့တွင် သေနတ် ကျည်ဆန်များ ထိမှန်ကာ သေဆုံးခဲ့ သည်။
From : Planet Myanmar Network
No comments:
Post a Comment