မှတ်တမ်းများအရ ကမ္ဘာမြေနှင့် အနီးဆုံး နေရာမှ ဥက္ကာခဲတစ်ခု ယနေ့ (ဖေဖေါ်ဝါရီ
၁၅ ရက်) ညတွင် ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။
အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် ကမ္ဘာမြေကို တစ်စုံတစ်ရာ ထိခိုက် အန္တရာယ် ရှိနိုင်မည် မဟုတ်ဟုလည်း သိရသည်။
From : Planet Myanmar Network
No comments:
Post a Comment