Friday, February 15, 2013

လက်ပံတောင်းတောင် အား အနုပညာဖြင့် ဖွဲ့ဆိုမည်

Photo: လက်ပံတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ဆိုမည်
Friday, February 15, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော လက်ပံတောင်း
တောင်၏ ပုံရိပ်များကို ပန်းချီဆရာများနှင့် ဓာတ်ပုံဆရာများ
က အနုပညာဖြင့်ဖွဲ့ဆို ပြသခြင်းကို ယခုလ ၁၉ရက်မှ ၂၁
ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်ရှိ ယုဒသန်ခန်းမတွင် ပြုလုပ်
မည်ဖြစ်ကြောင်း သိရသည်။

ယင်းအနုပညာပြပွဲသည် လက်ပံတောင်းတောင်ဒေသခံတို့၏ လူမှုရေး၊ကျန်းမားရေးလိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေ
ရေးပွဲဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံများအပြင် ကဗျာရွတ်ခြင်းနှင့် ဗွီဒီယိုမှတ်တမ်းတင်ဆက်မှု အစီစဉ်များလည်း ပါဝင်ကြောင်း
သိရသည်။

၎င်းရန်ပုံငွေပွဲတွင်ချင်းတွင်းရေကြည်(မုံရွာ)ပန်းချီဆရာများနှင့်
မြန်မာနိုင်ငံပန်းချီဆရာများ သမဂ္ဂ၊ ရန်ကုန် ပန်းချီဆရာများ၊ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ၊ လက်ပံတောင်း
တောင်ဒေသခံများ ပူးပေါင်းပါဝင်၍ နွယ်နီယဉ်ကျေးမှုရပ်ဝန်းမှ စုစည်းတင်ဆက်ကြောင်း သိရသည်။

ပန်းချီဆရာများမှာ ဆရာ ညိုသိန်း၊ အောင်မောင်း၊ ရဲမြင့်၊
မောင်မောင်စန်း၊ သိန်းထွန်းအေး၊ တင်ဇော်၊ စံဝင်းဖေ၊ ဖေခင်ဦး၊
အောင်ဆွေ၊ အောင်ဗလ၊ မင်းမင်းမျိုး၊ စန်းမင်း၊ ဘိုစော၊
မျိုးမြင့်လေး၊ oင်းမြင့်၊ မြင့်စိုး၊ ညိုဝင်းမောင်း၊ သိန်းသိန်း၊ သူရိန်၊
ဝလုံး၊ စန်းဇော်ထွေး၊ ဖေခင်ကြီး၊ ကေတူးကေ၊ လှိုင်လေးစသည့် ပန်းချီဆရာများ ပါဝင်ကြောင်း သိရသည်။

ပိုင်လေး
The Myanma Age စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင်၏ ပုံရိပ် များကို ပန်းချီဆရာများနှင့် ဓာတ်ပုံဆရာများက အနုပညာဖြင့် ဖွဲ့ဆို ပြသခြင်းကို ယခုလ ၁၉ရက်မှ ၂၁ ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်ရှိ ယုဒသန်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအနုပညာပြပွဲသည် လက်ပံတောင်းတောင်ဒေသခံတို့၏ လူမှုရေး၊ ကျန်းမားရေးလိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေရေးပွဲဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံများအပြင် ကဗျာရွတ်ခြင်းနှင့် ဗွီဒီယိုမှတ်တမ်းတင်ဆက်မှု အစီစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

၎င်းရန်ပုံငွေပွဲတွင်ချင်းတွင်းရေကြည်(မုံရွာ)ပန်းချီဆရာများနှင့် မြန်မာနိုင်ငံပန်းချီဆရာများ သမဂ္ဂ၊ ရန်ကုန် ပန်းချီဆရာများ၊ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ၊ လက်ပံတောင်းတောင်ဒေသခံများ ပူးပေါင်းပါဝင်၍ နွယ်နီယဉ်ကျေးမှုရပ်ဝန်းမှ စုစည်းတင်ဆက်ကြောင်း သိရသည်။

ပန်းချီဆရာများမှာ ဆရာ ညိုသိန်း၊ အောင်မောင်း၊ ရဲမြင့်၊ မောင်မောင်စန်း၊ သိန်းထွန်းအေး၊ တင်ဇော်၊ စံဝင်းဖေ၊ ဖေခင်ဦး၊ အောင်ဆွေ၊ အောင်ဗလ၊ မင်းမင်းမျိုး၊ စန်းမင်း၊ ဘိုစော၊ မျိုးမြင့်လေး၊ oင်းမြင့်၊ မြင့်စိုး၊ ညိုဝင်းမောင်း၊ သိန်းသိန်း၊ သူရိန်၊ ၀လုံး၊ စန်းဇော်ထွေး၊ ဖေခင်ကြီး၊ ကေတူးကေ၊ လှိုင်လေးစသည့် ပန်းချီဆရာများ ပါဝင်ကြောင်း သိရသည်။

ပိုင်လေး
The Myanma Age

No comments:

Post a Comment