Thursday, February 14, 2013

ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ

Photo: ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ
Thursday, February 14, 2013

ဆူဒန် နိုင်ငံရှိ ဆီဒိန်ဂါ ဒေသတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်
ရှိသော ပိရမစ် ပုံစံငယ် ၃၅ ခုကို ဂူသင်္ချိုင်း များနှင့်အတူ ရှေးဟောင်း သုတေသန ပညာရှင်များ က တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်းများသည် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိပြီး ထိုအချိန်က ဆူဒန် နိုင်ငံတွင် Kush ဘုရင် အုပ်ချုပ်ခဲ့ သည်ဟု သိရသည်။ 

Kush ဘုရင်သည် အီဂျစ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသော နယ်ပယ် ဒေသများကို ကြီးစိုး အုပ်ချုပ် ခဲ့သောကြောင့် ၎င်းနယ်ပယ်များတွင် အီဂျစ်တို့၏ ဗိသုကာ လက်ရာများနှင့် ရိုးရာ အစဉ်အလာများ လွှမ်းမိုး ခဲ့သည်ဟု သိရသည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တွင် တူးဖော် တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်းများသည် အရွယ်အစား အမျိုးမျိုး ရှိကြပြီး အရွယ်အစား အကြီးဆုံးဂူ သင်္ချိုင်းသည် ၂၂ ပေအကျယ် ရှိကြောင်း၊ ကလေး တစ်ယောက်စာ
မြှုပ်နှံနိုင်သည့် အရွယ်အစား အသေးငယ်ဆုံး ဂူသင်္ချိုင်း ပင်လျှင် 
၃ဝလက်မ အရှည်ရှိကြောင်း ဆူဒန်နိုင်ငံ ထုတ် ဂျာနယ် တစ်စောင် တွင် ဖော်ပြထားသည်။ ပိရမစ်၏ မျက်နှာပြင် များသည် ထိစပ်နေခြင်း မရှိကြောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/Ysyrvh

မြ၀တီဆူဒန် နိုင်ငံရှိ ဆီဒိန်ဂါ ဒေသတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်
ရှိသော ပိရမစ် ပုံစံငယ် ၃၅ ခုကို ဂူသင်္ချိုင်း များနှင့်အတူ ရှေးဟောင်း သုတေသန ပညာရှင်များ က တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ရှေးဟောင်း သုတေသနပညာရှင်များ တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်း များသည် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိပြီး ထိုအချိန်က ဆူဒန် နိုင်ငံတွင် Kush ဘုရင် အုပ်ချုပ်ခဲ့ သည်ဟု သိရသည်။

Kush ဘုရင်သည် အီဂျစ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသော နယ်ပယ် ဒေသများကို ကြီးစိုး အုပ်ချုပ် ခဲ့သောကြောင့် ၎င်းနယ်ပယ်များတွင် အီဂျစ်တို့၏ ဗိသုကာလက်ရာများနှင့် ရိုးရာ အစဉ်အလာများ လွှမ်းမိုး ခဲ့သည်ဟု သိရသည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တွင် တူးဖော် တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်းများသည် အရွယ်အစား အမျိုးမျိုး ရှိကြပြီး အရွယ်အစား အကြီးဆုံးဂူ သင်္ချိုင်းသည် ၂၂ ပေအကျယ် ရှိကြောင်း၊ ကလေး တစ်ယောက် စာ မြှုပ်နှံနိုင်သည့် အရွယ်အစား အသေးငယ်ဆုံး ဂူသင်္ချိုင်း ပင်လျှင် ၃ဝလက်မ အရှည်ရှိကြောင်း ဆူဒန်နိုင်ငံ ထုတ် ဂျာနယ် တစ်စောင် တွင် ဖော်ပြထားသည်။ ပိရမစ်၏ မျက်နှာပြင် များသည် ထိစပ်နေခြင်း မရှိကြောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

From : မြ၀တီ

No comments:

Post a Comment