အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀ တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆို တောင်ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။ ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က တောင်ကိုရီးယားသည် ၎င်း၏ကာကွယ်ရေးစနစ်တွင် မြောက်ကိုရီးယားဒုံး ကျည်များ ကို ခြေရာခံခြင်း၊ ပစ်မှတ်ထားခြင်း ၊ဖျက်ဆီးခြင်းများကို လုပ်ဆောင်နိုင်စွမ်းရှိရန် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယမန်နေ့က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုပြီးနောက် တောင်ကိုရီးးယားထောက်လှမ်းရေအကြီးအကဲက ပြုံယမ်းသည် လာမည့်အပတ်အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိကြောင်း သတိပေးထားသည်။
ယခုအခါမြောက်ကိုရီးယား၏နျူစမ်းသပ်မှုကို အမေရိကန် ပြည်ထောင်စုက ခိုင်မာသည့် အရေးယူမှုပြုလုပ် သွားမည်ဟု ကြေငြာထားပြီး နိုင်ငံတကာကလည်း ရှုတ်ချထားသည်။
From : The Myanma Age
No comments:
Post a Comment