မြောက်ကိုရီးယားနိုင်ငံ၏ တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုအား
တုံ့ပြန်ရန်အတွက် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအား ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးပျံများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရ ကင်မင်စွန်က
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ
အတွင်း က တောင်ကိုရီးယား ဒုံးပျံများအား ယခင် ထုတ်လုပ်သော ကီလိုမီတာ ၃ဝဝ
မှနေ၍ အကွာအဝေး သုံးဆအထိ တိုးမြှင့် ပစ်ခတ်နိုင်သော ဒုံးပျံများ
ထုတ်လုပ်ရန် အမေရိကန်နှင့် သဘော တူညီမှု ရရှိခဲ့ ပါသည်။ ယခင်က
တောင်ကိုရီးယား ဒုံးပျံများအား ၃ဝဝ ကီလိုမီတာ အထိသာ ပစ်လွှတ်နိုင်ရန်
ကန့်သတ်ထား ပါသည်။
From : မြ၀တီ
From : မြ၀တီ
No comments:
Post a Comment