Thursday, February 14, 2013

ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး

Photo: ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး
Thursday, February 14, 2013

မငြိမ်မသက် ဖြစ်နေသာ ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျား နေရာရှိ စစ်ဘက် ဆိုင်ရာ အခြေစိုက် စခန်း တစ်ခုကို စစ်သွေးကြွ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး သေဆုံးခဲ့ ရသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြားသည်။

ဖြစ်ပွားပုံမှာ ထိုင်းနိုင်ငံ တောင်ပိုင်း နရာသီဝပ် ပြည်နယ် ဘာခိုခရိုင် အတွင်းရှိ မရိန်း တပ်သား ၆ဝ ခန့်ရှိသော စစ်အခြေစိုက် စခန်းကို လက်နက်များ ကိုင်ဆောင်ထားသည့် စစ်သွေးကြွ ၁ဝဝ ဦးက ဝင်ရောက် တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကြည်းတပ်မှ
ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမိုပရိုမင်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားသည်။ အပြန်အလှန် ပစ်ခတ်မှု များသည် ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင် ဖြစ်ပွားခဲ့ပြီး မိနစ် ၂ဝ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၎င်းပြောကြားချက် အရ ယခု တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ပိုင်းရှိ ပြည်နယ် သုံးခုတွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်
မှုများ အကြီးကျယ်ဆုံး တိုက်ခိုက်မှု ဖြစ်ကြောင်း သိရသည်။

စခန်းကို မိမိတို့ အနေဖြင့် ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး မှာလည်း ဘေးကင်းမှု ရှိကြောင်း ဗိုလ်မှူးကြီးက ပြောကြားခဲ့ပြီး စစ်ဘက်မှ ပျက်စီးဆုံးရှုံးမှု စာရင်းကို မူ ဖော်ပြခြင်း မရှိဟု သိရသည်။

http://bit.ly/11HJnwI

မြ၀တီမငြိမ်မသက်ဖြစ်နေသာ ထိုင်းနိုင်ငံတောင်ပိုင်း အစွန်အဖျားနေရာရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတစ်ခုကို စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး သေ ဆုံးခဲ့ရသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြား သည်။ ဖြစ်ပွားပုံမှာ ထိုင်းနိုင်ငံ တောင်ပိုင်း နရာသီဝပ် ပြည်နယ် ဘာခိုခရိုင် အတွင်းရှိ မရိန်း တပ်သား ၆ဝ ခန့်ရှိသော စစ်အခြေစိုက် စခန်းကို လက်နက်များ ကိုင်ဆောင်ထားသည့် စစ်သွေးကြွ ၁ဝဝ ဦးက ဝင်ရောက် တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကြည်းတပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမိုပရိုမင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ အပြန်အလှန် ပစ်ခတ်မှု များသည် ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင် ဖြစ်ပွားခဲ့ပြီး မိနစ် ၂ဝ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၎င်းပြောကြားချက်အရ ယခုတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံတောင်ဘက်စွန်းပိုင်းရှိ ပြည်နယ် သုံးခု တွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ အကြီးကျယ်ဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း သိရ သည်။

စခန်းကို မိမိတို့ အနေဖြင့် ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး မှာလည်း ဘေးကင်းမှု ရှိကြောင်း ဗိုလ်မှူးကြီးက ပြောကြားခဲ့ပြီး စစ်ဘက်မှ ပျက်စီးဆုံးရှုံးမှု စာရင်းကို မူ ဖော်ပြခြင်း မရှိဟု သိရသည်။

From : မြ၀တီ

No comments:

Post a Comment