Thursday, February 14, 2013

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် ဘယ်လ်ဂျီယံနှင့် သဘောတူလက်မှတ် ရေးထိုး

Photo: ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် ဘယ်လ်ဂျီယံနှင့် သဘောတူလက်မှတ် ရေးထိုး
Thursday, February 14, 2013
    
ဧရာဝတီမြစ်တွင် ရေတားတမံအနိမ့် (wire & lock) များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ
လေ့လာမှု ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co,Ltd တို့ သဘောတူလက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယခု သဘောတူလက်မှတ် ရေးထိုးခြင်းသည် ဖြစ်နိုင်ခြေလေ့လာမှု
ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလေ့လာမှု ရလဒ်ထွက်ရှိလာပါက Conceptual design ပုံစံ တင်ပြမည်ဖြစ်ကာ စီမံကိန်းအား လုပ်ဆောင်ရန် သင့်-မသင့်ကို လွှတ်တော်သို့တင်ပြ၍ ဆန္ဒခံယူ ဆုံးဖြတ်သွားမည်ဖြစ်သည်။

"Feasibility study လုပ်ဖို့ အချိန်ခြောက်လ ယူမယ်။ ဒီ study မှာ EIA,SIA ပါ တစ်ခါတည်းလုပ်ပြီး Conceptual design ပုံစံကိုပါ တစ်ပါတည်း တင်ပြမယ်။ ဒီရလဒ်ကိုကြည့်ပြီးမှ လွှတ်တော်ကို တင်ပြပြီး လုပ်သင့်မသင့် ဆုံးဖြတ်သွားမှာပါ" ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့် (wire & lock) များ တည်ဆောက်ခြင်းဖြင့် ရေကြောင်းသွားလာမှု လွယ်ကူ အဆင်ပြေစေခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ခြင်းနှင့်
စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေ ရရှိနိုင်ခြင်း စသည့်
အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။

SBE nv Engineering Co,Ltd သည် Feasibility study အား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် study ပြုလုပ်ခြင်းကို မတ် ၁ ရက်တွင် စတင်မည်ဖြစ်သည်။

"Feasibility study ကို အဆင့်သုံးဆင့် သတ်မှတ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအဆင့်ကို မတ် ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာပါ။ ဒီအဆင့်မှာ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ကနဦးဒီဇိုင်းကို ထုတ်ပြန်ပေးသွားမှာပါ။ တတိယအဆင့်မှာ ဒုတိယအဆင့်က ရလာတဲ့ ကနဦးဒီဇိုင်းကို ပြန်လည်မွမ်းမံပြီး Conceptual design ပုံစံ တင်ပြသွားမှာပါ" ဟု SBE nv Engineering Co,Ltd မှ Project Director Mr. Koen Thomas က ဖေဖော်ဝါရီ ၁၁ ရက်က ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော
နေရာ ၄၆ နေရာနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရေကြောင်း
ကြပ်သော နေရာ ၃၇ နေရာရှိသည်။           

ယင်းနေရာများကို မြစ်ကြမ်းပြင် ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရသဖြင့် ဒုတိယအဆင့် ပြုပြင်နည်းဖြစ်သော
ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်း ဖြစ်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက
ပြောကြားခဲ့သည်။

Eleven Media Group
ဧရာဝတီမြစ်တွင် ရေတားတမံအနိမ့် (wire & lock) များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု ဆောင် ရွက် ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် SBE nv Engineering Co,Ltd တို့ သဘောတူ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာဟိုတယ် တွင် ပြုလုပ်ခဲ့သည်။ယခု သဘောတူလက်မှတ် ရေးထိုးခြင်း သည် ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလေ့လာမှု ရလဒ်ထွက်ရှိလာပါက Conceptual design ပုံစံ တင်ပြမည်ဖြစ်ကာ စီမံကိန်းအား လုပ်ဆောင်ရန် သင့်-မသင့်ကို လွှတ်တော်သို့တင်ပြ၍ ဆန္ဒခံယူ ဆုံးဖြတ်သွားမည်ဖြစ်သည်။"Feasibility study လုပ်ဖို့ အချိန်ခြောက်လ ယူမယ်။ ဒီ study မှာ EIA,SIA ပါ တစ်ခါတည်းလုပ်ပြီး Conceptual design ပုံစံကိုပါ တစ်ပါတည်း တင်ပြမယ်။ ဒီရလဒ်ကိုကြည့်ပြီးမှ လွှတ်တော်ကို တင်ပြပြီး လုပ်သင့်မသင့် ဆုံးဖြတ်သွားမှာပါ" ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့် (wire & lock) များ တည်ဆောက်ခြင်းဖြင့် ရေကြောင်းသွားလာမှု လွယ်ကူ အဆင်ပြေစေခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။

SBE nv Engineering Co,Ltd သည် Feasibility study အား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် study ပြုလုပ်ခြင်းကို မတ် ၁ ရက်တွင် စတင်မည်ဖြစ်သည်။ "Feasibility study ကို အဆင့်သုံးဆင့် သတ်မှတ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအဆင့်ကို မတ် ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာပါ။ ဒီအဆင့်မှာ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ကနဦးဒီဇိုင်းကို ထုတ်ပြန်ပေးသွားမှာပါ။ တတိယအဆင့်မှာ ဒုတိယအဆင့်က ရလာတဲ့ ကနဦးဒီဇိုင်းကို ပြန်လည်မွမ်းမံပြီး Conceptual design ပုံစံ တင်ပြသွားမှာပါ" ဟု SBE nv Engineering Co,Ltd မှ Project Director Mr. Koen Thomas က ဖေဖော်ဝါရီ ၁၁ ရက်က ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော နေရာ ၄၆ နေရာနှင့် ချင်းတွင်းမစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော နေရာ ၃၇ နေရာရှိသည်။ ယင်းနေရာ များကို မြစ်ကြမ်းပြင် ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရသဖြင့် ဒုတိယအဆင့် ပြုပြင် နည်းဖြစ်သော ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်း ဖြစ်သည် ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။

From : Eleven Media Group

No comments:

Post a Comment