
အဆိုပါတွေ့ဆုံမှုတွင်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး၊
ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပါဝင်ခဲ့သည်။ တွေ့ဆုံမှုတွင်
ကချင်ပြည်နယ် အခြေအနေများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ များ၊
ရွှေ့ပြောင်းဒုက္ခသည် ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စများကို
ဆွေးနွေးခဲ့သည်။တွေ့ဆုံမှုတွင်ပါဝင်ခဲ့သူ ကိုဂျင်မီက " သူက
နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့မယ်။ ကချင်ပြည် နယ်ကိုလည်း
သွားဖို့ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေကို
မေး တယ်။ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကိစ္စ၊ အဲဒီမှာ
ကျွန်တော်တို့လည်း ပါမယ်။ နောက်နောင်ဖြစ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့
ပတ်သက်ပြီး ဘယ်လိုသဘောထားမလဲ။ အဲဒါတွေလည်း ဆွေးနွေးဖြစ်တယ်" ဟုပြောသည်။ထို့နောက် ကိုဂျင်မီက ၎င်းတို့၏ သဘောထားကို ပြောကြားရာတွင် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် မြန်မာနိုင်ငံသည် မစ္စတာကွင်တားနားကဲ့သို့ လူ့အခွင့်အရေး ကိုယ်စားလှယ်မျိုး လိုအပ်နေဆဲဖြစ်သည်ဟု ထင်ကြောင်း ပြောသည်။
Thomas Ojea Quintana သည် ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများနှင့် ဖေဖော်ဝါရီ ၁၂ ရက်က စစ်တွေမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ ဒေသခံ ဦးသန်းထွန်းက "အဓိက သူ့အနေနဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ပဲ တွေ့ဆုံမှုတွေ ရှိခဲ့ဖူးပြီး ရခိုင်တိုင်းရင်း သားတွေနဲ့ တွေ့ဆုံတာ အခုက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ ထူးခြားတာတစ်ခုက အရင်က ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုပဲ သူတို့သုံးတယ်။ အခု ခါတိုင်းလိုမဟုတ်ဘဲ ဘင်္ဂါလီဆိုတာကိုပဲ သုံးသွားတယ်။ သူကတော့ လူမျိုးစုနှစ်စုကြားမှာ ဘယ်လိုနေထိုင်ကြမလဲ ဆိုတာကို ပြင်ပက ဘယ်နိုင်ငံ၊ အဖွဲ့အစည်းကမှ တိုက်တွန်းလို့ မဖြစ်ကြောင်း ပြောခဲ့တယ်" ဟု ပြောသည်။
From : Eleven Media Group
No comments:
Post a Comment