Thursday, February 14, 2013

အပစ်အခတ် ရပ်စဲထားသော ကရင် ပြည်နယ် အတွင်းရှိ ရွာပုန်းရွာရှောင်ဒုက္ခသည် များကိုပထမ ဦးစားပေးအနေဖြင့် အကူအညီများပေးမည်

Photo: အပစ်အခတ်ရပ်စဲထားသောကရင် ပြည်နယ် အတွင်းရှိ
ရွာပုန်းရွာရှောင်ဒုက္ခသည်များကိုပထမဦးစားပေးအနေဖြင့် အကူအညီများပေးမည်
Thursday, February 14, 2013

အပစ်အခတ် ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့
အစည်းများနှင့် အစိုးရတို့ပူးပေါင်းကာ ကရင်ပြည်နယ် အတွင်းရှိ ဖြစ်ပွားခဲ့သော စစ်ပွဲများကို ရှောင်ရှားခဲ့ကြသော ရွာပုန်းရွာရှောင်များအား ပထမဦးစားပေး အနေဖြင့် အကူအညီများ ပေးရန်စီစဉ်ထားကြောင်း သိရသည်။

ကရင်လက်နက်ကိုင်များနှင့် အစိုးရတို့ကြား နှစ်ပေါင်း
၆၀ကျော် ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကို
ရှောင်ရှားကာနေထိုင်ခဲ့ရသော ရွာပုန်းရွာရှောင်များအတွက်
ပထမဦးစားပေး အနေဖြင့် အကူအညီများ ပေးအပ်ပြီးမှသာ
နယ်စပ်ဒေသရှိ တစ်ဖက်နိုင်ငံများတွင် ရောက်ရှိနေသော ဒုက္ခသည်များကို နေရာချထားပေးရန် စီစဦထားကြောင်း
KNUအဖွဲ့ မှ ဦးစောရော်ဂျာခင်က ပြောကြားသည်။

“အခုကတော့ ပြည်တွင်းမှာရှိနေတဲ့ ရွာပုန်းရွာရှောင်တွေကို
ဦးစားပေးအနေနဲ့ အကူအညီပေးဖို့ဆွေးနွေးထားတယ်။
ဒီကလူတွေ အခြေတကျဖြစ်တော့မှ တစ်ဖက်နိုင်ငံက
ဒုက္ခသည်တွေကို ဆက်လက်ပြီးတော့ ပြန်လည်
တည်ထောင်ရေးတွေ လုပ်ပေးဖို့ ဆွေးနွေးထားတာတွေ
တော့ရှိပါတယ်” ဟုကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက
ပြောကြားသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် လမ်းပန်း
ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေ
သည်များကို သိသိသာသာ တွေ့ရှိရသော်လည်း အုပ်ချုပ်ရေး
ပိုင်းတွင်ရာနှုန်းပြည့်ရရှိပြီလို့ မပြောနိုင်သေးကြောင်း မြို့ နယ်
အုပ်ချုပ်ရေးမှုး ဦးစောဘထီးမိုး ကပြောကြားသည်။

ပြည်တွင်းရှိရွာပုန်းရွာရှောင် ဒုက္ခသည်များကို ဘ၀လုံခြုံရေး၊
စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အကူအညီပေးရန်
ရှိကြောင်းထိုသို့လုပ်ဆောင်ပေးနိုင်ရန် အစိုးရတွင် အဓိက
တာဝန်၇ှိကြောင်း အစိုးရ၏ ခွင့်ပြုချက် ရရှိမှသာလျှင်
ထိထိရောက်ရောက် ကူညီနိုင်မည်ဖြစ်ကြောင်း KNUအဖွဲ့မှ
ဦးစောရော်ဂျာက ပြောကြားသည်။

ယခုအခါ ရွာပုန်းရွာရှောင် ဒုက္ခသည် ဦးရေနှစ်သိန်းတစ်သောင်း
လေးထောင်ရှိပြီး ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်
ဦးရေတစ်သိန်းလေးသောင်းရှိကာ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသည်စခန်း ခုနှစ်ခန်းရှိပြီး မယ်လဒုက္ခသည်စခန်းမှာ အကြီးဆုံးဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
အပစ်အခတ် ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ပူးပေါင်းကာ ကရင်ပြည်နယ် အတွင်းရှိ ဖြစ်ပွားခဲ့သော စစ်ပွဲများ ကို ရှောင်ရှားခဲ့ကြသော ရွာပုန်းရွာရှောင်များအား ပထမ ဦးစားပေး အနေဖြင့် အကူအညီများ ပေးရန်စီစဉ်ထားကြောင်း သိရသည်။ကရင်လက်နက်ကိုင်များနှင့် အစိုးရတို့ကြား နှစ်ပေါင်း ၆၀ကျော် ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကို ရှောင်ရှားကာနေထိုင် ခဲ့ရသော ရွာပုန်းရွာရှောင်များအတွက် ပထမဦးစားပေးအနေဖြင့် အကူအညီများ ပေးအပ်ပြီးမှသာ နယ်စပ်ဒေသရှိ တစ်ဖက်နိုင်ငံများတွင် ရောက်ရှိနေသော ဒုက္ခသည်များကို နေရာချထားပေးရန် စီစဦထားကြောင်း KNUအဖွဲ့ မှ ဦးစောရော်ဂျာခင် က ပြောကြား သည်။

“အခုကတော့ ပြည်တွင်းမှာရှိနေတဲ့ ရွာပုန်းရွာရှောင်တွေကို ဦးစားပေးအနေနဲ့ အကူအညီပေးဖို့ဆွေးနွေး ထားတယ်။ ဒီကလူတွေ အခြေတကျဖြစ်တော့မှ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေကို ဆက်လက်ပြီးတော့ ပြန်လည်တည်ထောင်ရေးတွေ လုပ်ပေးဖို့ ဆွေးနွေးထားတာတွေ တော့ရှိပါတယ်” ဟုကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောကြားသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်အောင် ဆောင် ရွက်ပေးနေ သည်များကို သိသိသာသာ တွေ့ရှိရသော်လည်း အုပ်ချုပ်ရေး ပိုင်းတွင်ရာနှုန်းပြည့်ရရှိပြီလို့ မပြောနိုင်သေးကြောင်း မြို့ နယ် အုပ်ချုပ်ရေးမှုး ဦးစောဘထီးမိုး ကပြောကြားသည်။

ပြည်တွင်းရှိရွာပုန်းရွာရှောင် ဒုက္ခသည်များကို ဘ၀လုံခြုံရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အကူအညီပေးရန် ရှိကြောင်းထိုသို့လုပ်ဆောင်ပေးနိုင် ရန် အစိုးရတွင် အဓိက တာဝန်၇ှိကြောင်း အစိုးရ၏ ခွင့်ပြုချက် ရရှိမှသာလျှင် ထိထိရောက်ရောက် ကူညီနိုင်မည်ဖြစ်ကြောင်း KNUအဖွဲ့မှ ဦးစောရော်ဂျာက ပြောကြားသည်။ ယခုအခါ ရွာပုန်းရွာရှောင် ဒုက္ခသည် ဦးရေနှစ်သိန်းတစ်သောင်း လေးထောင်ရှိပြီး ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည် ဦးရေတစ်သိန်းလေးသောင်းရှိကာ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသည်စခန်း ခုနှစ်ခန်းရှိပြီး မယ်လဒုက္ခသည်စခန်းမှာ အကြီးဆုံးဖြစ်ကြောင်း သိရသည်။

From : The Myanma Age

No comments:

Post a Comment