Sunday, March 10, 2013

မြန်မာတွင် စစ်အစိုးရက ကျူးလွန်ခဲ့သော အမှုများကို အစိုးရနှင့် အတိုက်အခံဘက်ကပါ ဖေါ်ထုတ်ရန် ဆန္ဒမရှိသေးကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ပြောကြား

Photo: မြန်မာတွင် စစ်အစိုးရက ကျူးလွန်ခဲ့သော အမှုများကို အစိုးရနှင့်
အတိုက်အခံဘက်ကပါ ဖေါ်ထုတ်ရန် ဆန္ဒမရှိသေးကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ပြောကြား
Sunday, March 10, 2013

မြန်မာသည် ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇဝတ်မှု
များကို ရှာဖွေဖေါ်ထုတ်သွားရမည်ဖြစ်ကြောင်း၊ သို့သာ် လက်ရှိ
အချိန်အထိ အရပ်သားတစ်ပိုင်းစစ်အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်သော အတိုက်အခံဘက်တို့ကမူ ထိုသို့
ဖေါ်ထုတ်ရန် စိတ်ဆန္ဒ မရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာ
နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်
အိုဟေး ကွင်တားနားက ပြောကြားလိုက်သည်။

ဂျီနီဗာတွင် မြန်မာ၌ ယခင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအတွက် အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်
သို့ မဟုတ် တရားစွဲဆိုရေးကိစ္စများကို လုပ်နိုင်မည့်အလားအလာနှင့် ပတ်သက်၍မေးမြန်းခံရရာတွင် ကွင်တားနားက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းက “မြန်မာမှာ လက်ရှိဖြစ်နေတဲ့ အရှိတရားကတော့ ဒီကိစ္စဟာ ဘယ်နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်စရာ အာဂျင်ဒါစာရင်းထဲ မပါ သေးတာ တွေ့ ရပါတယ် ။ အစိုးရရဲ့ အာဂျင်ဒါထဲရော၊ အခြားးနိုင်ငံရေးပါတီတွေ နဲ့ လူနည်းစုတိုင်းရင်းသား အုပ်စုတွေ ထဲမှာတောင်မှ မပါသေး ပါဘူး” ဟု ပြောကြားသည်။

မစ္စတာကန်တားနားက “အချို့ အချက်တွေမှာတော့ ကျွန်တော် ယုံကြည်တာကတော့ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့ 
လိုပါတယ်။ ဒါဟာ အတိတ်ကနေ သင်ခန်းစာယူပြီး ဘယ်အပြောင်း အလဲမှမဆို အောင်မြင်မှုရစေဖို့ အရေးပါတဲ့ အချက်လည်းပဲ ဖြစ်ပါ
တယ် ” ဟု ပြောကြားသည်။

မစ္စတာကန်တားနားသည် မြန်မာသို့ မကြာမီက လာရောက်
ခဲ့ပြီးနောက် ကုလသမဂ္ဂတွင် မြန်မာ့လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

အစီရင်ခံစာ၌ ၎င်းက ရခိုင်တွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအကျပ်အတည်းသည် ပြန့် ပွားနိုင်ပြီး၊ လက်ရှိလုပ်
ဆောင်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထောက်ပြထားသည်။

Ref: Reuters
The Myanma Ageမြန်မာသည် ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ရှာဖွေဖေါ်ထုတ်သွားရမည်ဖြစ်ကြောင်း၊ သို့သာ် လက်ရှိအချိန်အထိ အရပ်သားတစ်ပိုင်းစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်   ခေါင်းဆောင်ေ သာ အတိုက်အခံဘက်တို့ကမူ ထိုသို့ ဖေါ်ထုတ်ရန် စိတ်ဆန္ဒ မရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တားနား က ပြောကြားလိုက်သည်။ ဂျီနီဗာတွင် မြန်မာ၌ ယခင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအတွက် အမှန် တရားဖေါ်ထုတ်ရေး ကော်မရှင် သို့ မဟုတ် တရားစွဲဆိုရေးကိစ္စများကို လုပ်နိုင်မည့်အလားအလာနှင့် ပတ်သက်၍မေးမြန်းခံရရာတွင် ကွင်တားနားက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းက “မြန်မာမှာ လက်ရှိဖြစ်နေတဲ့ အရှိတရားကတော့ ဒီကိစ္စဟာ ဘယ်နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်စရာ အာဂျင်ဒါစာရင်းထဲ မပါ သေးတာ တွေ့ ရပါတယ် ။ အစိုးရရဲ့ အာဂျင်ဒါထဲရော၊ အခြားးနိုင်ငံရေးပါတီတွေ နဲ့ လူနည်းစုတိုင်းရင်းသား အုပ်စုတွေထဲမှာတောင်မှမပါသေးပါဘူး” ဟု ပြောကြားသည်။

မစ္စတာကန်တားနားက “အချို့ အချက်တွေမှာတော့ ကျွန်တော် ယုံကြည်တာကတော့ အတိတ် မှာ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့လိုပါတယ်။ ဒါဟာ အတိတ်ကနေ သင်ခန်းစာယူပြီး ဘယ်အပြောင်း အလဲမှမဆို အောင်မြင်မှုရစေဖို့ အရေးပါတဲ့ အချက်လည်းပဲ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

မစ္စတာကန်တားနားသည် မြန်မာသို့ မကြာမီက လာရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂတွင် မြန်မာ့ လူ့  အခွင့်အရေး အခြေအနေ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

အစီရင်ခံစာ၌ ၎င်းက ရခိုင်တွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအကျပ်အတည်းသည် ပြန့် ပွားနိုင်ပြီး၊ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက် အန္တရာယ် ရှိနိုင် ကြောင်း ထောက်ပြ ထားသည်။
 
 The Myanma Age

No comments:

Post a Comment