Sunday, March 10, 2013

၂၀၁၂-၁၃ ပညာ သင်နှစ် အခြေခံပညာ အဆင့် အလယ် တန်းနှင့် အထက် တန်း ပညာ သင်ဆု စာမေး ပွဲများ မတ်လနောက်ဆုံး ပတ်၌ စစ်ဆေး မည်ဖြစ်ပြီး ဆုကြေးေ ငွ တိုးမြှင့်ထား

Photo: ၂၀၁၂-၁၃ ပညာသင်နှစ် အခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု စာမေးပွဲများ မတ်လနောက်ဆုံးပတ်၌ စစ်ဆေးမည်ဖြစ်ပြီး ဆုကြေးငွေ တိုးမြှင့်ထား
Sunday, March 10, 2013

အခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု ဆိုင်ရာ စာမေးပွဲများကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အလယ်တန်း ပညာသင်ဆု စာမေးပွဲ စစ်ဆေးခြင်းအား ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) များကို မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ လည်းကောင်း ဖြေဆိုရမည်
ဖြစ်ကြောင်း သိရသည်။

အထက်တန်းအဆင့် ပညာသင်ဆုအတွက် စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ မတ်လ ၂၅ ရက်တွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ကျန်းမာကြံ့ခိုင်မှုများအတွက် လက်တွေ့ စစ်ဆေးမှုများကို နံနက် ၈ နာရီမှ စတင်ကာ ဖြေဆိုရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်တစ်မြို့နယ်လျှင် စတုတ္ထတန်း ပညာသင်ဆု တစ်ဆု၊ အဋ္ဌမတန်း ပညာသင်ဆု တစ်ဆု အသီးသီး
ရွေးချယ်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ်က အလယ်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်းခွဲ ချီးမြှင့်ခဲ့သော်လည်း ယခု ၂၀၁၃-၁၄ ပညာသင်နှစ်၌မူ အလယ်တန်း ပညာသင်ဆုအား ကျပ်နှစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်သုံးသောင်း တိုးမြှင့်ချီးမြှင့်မည် ဖြစ်သည်။

“ပညာသင်ဆု ရရှိတဲ့သူတွေဟာ အတန်းစဉ်အလိုက် အခန်းဆုံး စာမေးပွဲ စစ်ဆေးမှုတွေမှာ ဘာသာရပ်အားလုံး အောင်မြင်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာ ရပ်တွေမှာ ရမှတ် ၆၀ ရာခိုင်နှုန်းထက် မနည်းရရှိရမှာ
ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေမှာ တစ်နှစ်အတွင်း ရမှတ် ၆၀ ရာခိုင်နှုန်းအောက် နှစ်ကြိမ် ကျရောက်ခဲ့မယ်ဆိုရင် ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာပါ။ ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်းနဲ့ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်မယ် ဆိုရင်လည်း ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ပညာသင်ဆုများ ချီးမြှင့်ရာ၌ အလယ်တန်း ပညာသင်ဆု ရရှိသူများအား ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ နှစ်စဉ်ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လေးနှစ် ချီးမြှင့်သွားမည်ဖြစ်ပြီး အထက်တန်း ပညာသင်ဆု ရရှိသူများအား န၀မတန်းမှ ဒသမတန်းအထိ နှစ်စဉ်ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်သုံးသောင်းနှုန်း နှစ်နှစ် ဆုချီးမြှင့်မည် ဖြစ်သည်။

ဓာတ်ပုံ - ၂၀၁၂ ခုနှစ် မတ်လ၌ ရန်ကင်းမြို့နယ်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ဆုစာမေးပွဲဖြေ ဆိုရန် 
စောင့်ဆိုင်းနေကြသော ကျောင်းသား၊ ကျောင်းသူအချို့ အား တွေ့ရစဉ်

Eleven Media Groupအခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု ဆိုင်ရာ စာမေးပွဲများကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့ များတွင် စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။ အလယ်တန်း ပညာသင်ဆုစာမေးပွဲ စစ်ဆေးခြင်းအား ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) များကို မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ လည်းကောင်း ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အထက်တန်းအဆင့် ပညာသင်ဆုအတွက် စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ မတ်လ ၂၅ ရက်တွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ကျန်းမာကြံ့ခိုင်မှုများအတွက် လက်တွေ့ စစ်ဆေးမှုများကို နံနက် ၈ နာရီမှ စတင်ကာ ဖြေဆိုရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်တစ်မြို့နယ်လျှင် စတုတ္ထတန်း ပညာသင်ဆု တစ်ဆု၊ အဋ္ဌမတန်း ပညာသင်ဆု တစ်ဆု အသီးသီး ရွေးချယ်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ်က အလယ်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်းခွဲ ချီးမြှင့်ခဲ့သော်လည်း ယခု ၂၀၁၃-၁၄ ပညာသင်နှစ်၌မူ အလယ်တန်း ပညာသင်ဆုအား ကျပ်နှစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်သုံးသောင်း တိုးမြှင့်ချီးမြှင့်မည် ဖြစ်သည်။

“ပညာသင်ဆု ရရှိတဲ့သူတွေဟာ အတန်းစဉ်အလိုက် အခန်းဆုံး စာမေးပွဲ စစ်ဆေးမှုတွေမှာ ဘာသာရပ်အားလုံး အောင်မြင်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာ ရပ်တွေမှာ ရမှတ် ၆၀ ရာခိုင်နှုန်းထက် မနည်းရရှိရမှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေမှာ တစ်နှစ်အတွင်း ရမှတ် ၆၀ ရာခိုင်နှုန်းအောက် နှစ်ကြိမ် ကျရောက်ခဲ့မယ်ဆိုရင် ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာပါ။ ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်းနဲ့ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်မယ် ဆိုရင်လည်း ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ပညာသင်ဆုများ ချီးမြှင့်ရာ၌ အလယ်တန်း ပညာသင်ဆု ရရှိသူများအား ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ နှစ်စဉ်ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လေးနှစ် ချီးမြှင့်သွားမည်ဖြစ်ပြီး အထက်တန်း ပညာသင်ဆု ရရှိသူများအား န၀မတန်းမှ ဒသမတန်း အထိ နှစ်စဉ် ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်သုံးသောင်းနှုန်း နှစ်နှစ် ဆုချီးမြှင့်မည် ဖြစ်သည်။

ဓာတ်ပုံ - ၂၀၁၂ ခုနှစ် မတ်လ၌ ရန်ကင်းမြို့နယ်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ဆုစာမေးပွဲဖြေ ဆိုရန် စောင့်ဆိုင်းနေကြသော ကျောင်းသား၊ ကျောင်းသူအချို့ အား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment