Sunday, March 10, 2013

ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ရွေးချယ်ရာတွင် မူ ၃ ချက်ဖြင့် ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကအောက်ပါ အတိုင်းပြောသည်

၁။ "ကျွန်မတို့ဆက်နွယ်မှုရှိရမယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ဆက်နွယ်မှု ရှိရမယ်။
၂။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တစိုက်မတ်မတ် လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဆက်ပြီး အချိန်ကာလ တစ်ခုအထိ တာဝန်ထမ်းဆောင်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

၃။ အဖွဲ့ချုပ်ရဲ့ အလုပ်တွေ ပီပီပြင်ပြင် လုပ်နိုင်ဖို့နှင့် ပြည်သူနှင့်တိုင်းပြည် အတွက် အလုပ်တွေကို ပီပီပြင်ပြင် လုပ်နိုင်ဖို့အတွက် အရည်အချင်းနဲ့ ပြည့်စုံတဲ့ အဖွဲ့ဝင်တွေကို လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒီအထဲမှာ ဆိုရင်တိုင်းရင်းသားနဲ့ လူမျိုးစုများပါဝင်ဖို့ အမျိုးသမီးတွေပါဝင်ဖို့ ကြိုးစားပါတယ်။ နောက် မျိုးဆက်သစ်တွေပါဝင်ဖို့ကိုလည်း ကျွန်မတို့ကြိုးစားဆုံးဖြတ်ပါတယ်။ ဒီလိုမူတွေနဲ့ ရွေးချယ်ခဲ့ပါတယ်" ဟု ပြောကြားသည်။

7Day News Journal

No comments:

Post a Comment