Sunday, March 10, 2013

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အခွန် အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား


Photo: လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အခွန် အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား
Sunday, March 10, 2013

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။

ထိုသို့ တိုးမြှင့်ထားသည့် လျာထားချက်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့ကသာ တိုးမြှင့်ကောက်ခံရန် လျာထားပြီး ရထားပို့ဆောင်ရေး၊ စီးပွား/ကူးသန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်/ဆည်ဝန်ကြီးဌာနတို့မှာ ယခင်နှစ် လျာထားချက်များအောက်
လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် စိစစ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လျာထားချက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနှင့် ကျပ်သန်းပေါင်း ၅၅၅၇၁၃ ဒသမ ၁၆၀ ကိုလည်းကောင်း၊
ပြည်ထဲရေး ၀န်ကြီးဌာနအနေနှင့် ကျပ်သန်းပေါင်း ၁၆၈၂၂ ဒသမ ၄၁၂ ကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း  ၃၃၂ ဒသမ ၈၀၁ တိုးတက် လျာထားခဲ့သော်လည်း ကျန်ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံသည့် အခွန်များအနေနှင့် တိုးတက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အခွန်အကောက် အဖွဲ့အစည်းများတွင် ပါဝင်သည့် ကျန်အခွန် အကောက်များ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများအတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရန်အတွက် အခွန်စနစ်များကို ပြောင်းလဲကောက်ခံရန်၊ အခွန်ရှောင်သော ကုမ္ပဏီကြီးများကို စိစစ်ဖော်ထုတ်ရန်နှင့် အခွန်ထမ်းများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် အခွန်ဆောင်စေခြင်းများ ပြုလုပ်လာရန်အတွက် ပြုလုပ်
သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က Eleven Media Group သို့ ပြောကြားသည်။

ထို့အပြင် လစာအခွန်ဆောင်နေရသော ၀န်ထမ်းများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက်နှင့် ထိုက်သင့်သော အခွန်နှုန်းထားများ ဖြစ်ရေး
အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအေးမောက်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အခွန်အကောက် ဖွဲ့စည်းပုံမှာ ခေါင်းစဉ်ကြီး
လေးခုအောက်တွင် အခွန်အကောက် အမျိုးအစား ၁၄ မျိုး ခွဲခြားလျက် ပြည်ထောင်စုဝန်ကြီးဌာန ခုနစ်ဌာန၏ ဦးစီးဌာန
၁၁ ခုတို့မှ ဆိုင်ရာအခွန်ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ကျင့်သုံး၍ ကောက်ခံလျက် ရှိသည်။ 

ဓာတ်ပုံ - ပြည်ပသို့ တင်ပို့မည့် သစ်လုံးများကို သီလ၀ါဆိပ်ကမ်းတွင် စစ်ဆေးမှုခံယူနေစဉ် (၀င်းမြင့်ကျော်)

Eleven Media Groupလာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။
ထိုသို့ တိုးမြှင့်ထားသည့် လျာထားချက်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့ကသာ တိုးမြှင့်ကောက်ခံရန် လျာထားပြီး ရထားပို့ဆောင်ရေး၊ စီးပွား/ ကူးသန်း ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း၊ လယ်/ဆည်ဝန်ကြီးဌာန တို့မှာ ယခင်နှစ် လျာထားချက် များအောက် လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် စိစစ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လျာထားချက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနှင့် ကျပ်သန်းပေါင်း ၅၅၅၇၁၃ ဒသမ ၁၆၀ ကိုလည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနအနေနှင့် ကျပ်သန်းပေါင်း ၁၆၈၂၂ ဒသမ ၄၁၂ ကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း ၃၃၂ ဒသမ ၈၀၁ တိုးတက် လျာထားခဲ့သော်လည်း ကျန်ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံသည့် အခွန်များအနေနှင့် တိုးတက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အခွန်အကောက် အဖွဲ့အစည်းများတွင် ပါဝင်သည့် ကျန်အခွန် အကောက်များ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများအတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရန်အတွက် အခွန်စနစ်များကို ပြောင်းလဲကောက်ခံရန်၊ အခွန်ရှောင်သော ကုမ္ပဏီကြီးများကို စိစစ်ဖော်ထုတ်ရန်နှင့် အခွန်ထမ်းများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် အခွန်ဆောင်စေခြင်းများ ပြုလုပ်လာရန်အတွက် ပြုလုပ် သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က Eleven Media Group သို့ ပြောကြားသည်။

ထို့အပြင် လစာအခွန်ဆောင်နေရသော ၀န်ထမ်းများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက်နှင့် ထိုက် သင့်သော အခွန်နှုန်းထားများ ဖြစ်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအေးမောက် က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အခွန်အကောက် ဖွဲ့စည်းပုံမှာ ခေါင်းစဉ်ကြီး လေးခုအောက်တွင် အခွန်အကောက် အမျိုးအစား ၁၄ မျိုး ခွဲခြားလျက် ပြည်ထောင်စုဝန်ကြီးဌာန ခုနစ်ဌာန၏ ဦးစီးဌာန ၁၁ ခုတို့မှ ဆိုင်ရာအခွန်ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ကျင့်သုံး၍ ကောက်ခံလျက် ရှိသည်။

ဓာတ်ပုံ - ပြည်ပသို့ တင်ပို့မည့် သစ်လုံးများကို သီလ၀ါဆိပ်ကမ်းတွင် စစ်ဆေးမှုခံယူနေစဉ် (၀င်းမြင့်ကျော်)

Eleven Media Group

No comments:

Post a Comment