Monday, March 11, 2013

တစ်နေ့တခြား ရွှေလိုရှားပါးလာသော “ရေ”

 


ရေ၏တန်ဖိုးကို ရေရှားပါးသောဒေသများ တွင် နေထိုင်ကြသူများက ပို၍သိကြပါ သည်။ အထူးသဖြင့် မိုးနည်း ပူပြင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် ရေ၏ လိုအပ်ချက်ကို ပိုသိ၊ ပိုမိုခံစားကြရပြီး “ရွှေကိုမလို၊ ရေကိုလိုသည်”ဆိုသည့် ဆောင်ပုဒ်စာတန်းများ၊ ဆိုင်းဘုတ်ကြီးများကို ရေးသားစိုက်ထူ ထားကြသည်။ လွန်ခဲ့ သောနှစ် ၅၀ ခန့်က မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ ကျေးရွာများသို့ လှည့်လည်ကွင်းဆင်း၍ စီးပွားရေးစစ်တမ်းကောက်ယူခဲ့ရာ တွင် သွားလေရာကျေးရွာတိုင်း၌ “ရွှေကို မလို ရေကိုလိုသည်” ဆိုင်းဘုတ်များတွေ့ကြရသည်။ တစ်ခါ ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသ များရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိပြန်တော့လည်း “ယနေ့အညာ ရွာသာယာ” ဟု တစ်ချိန်က ရေဒီယို သီချင်း စပ် ဆိုအသံလွှင့်ခဲ့ သော ရေလျှံ တွင်းများ၊ မြေပေါ် သို့ ရေထောင် ပန်းအောင် ရေထွက်နေသဖြင့် ဒေသခံကျေး ရွာသူ၊ ကျေးရွာသားများ ပျော်ကြ၊ ရွှင်ကြ၊ ၀မ်းသာကြ သည်ကို ထိုစဉ်က ထုတ်ဝေသည့် “ရှေ့သို့”စာစောင်၌ တွေ့ကြရပါသေး သည်။
ယနေ့ ၂၀၁၃ ခုနှစ် အချိန်ကာလတွင်လည်း ဤဒေသများတွင် ရေသည်ရွှေ နီးပါးရှားနေဆဲဖြစ်ပြီး၊ ၀ယ် သုံးနေကြရသည်။ သောက်ရေ၊ သုံးရေတစ်အိုး ရရှိရန် တစ်မိုင်ခန့် လမ်းလျှောက်ရသည်။ သဲချောင်းများတွင် တစ်နာရီခန့်ကြာ အောင် ရေစောင့်ခပ်ကြရသည်။ ယခုနှစ် ၂၀၁၃ ခုနှစ် နွေဦးတွင် ယခင်နှစ်က လည်း မိုးရွာမှုနည်း ထား၍ ယခင်နှစ်များနှင့်မတူ ပို၍ရေရှားလာသည်။ ဥတုရာသီ ပြောင်းခဲ့ပြီကိုး။

မိုးရွာမှုများသောဒေသ အောက်ပြည် အောက်ရွာများလည်း နွေကာလရေရှားပါသည်။ ပင်လယ် ကမ်းစပ်ဒေ သ များဖြစ်သည့် လပွတ္တာကဲ့သို့နေရာသို့ ရောက်ရှိစဉ်ကလည်း ရေချိုကိုနှစ်ပတ်လှောင်ထားရသည်။ စိုက် ပျိုးမြေလည်း ရေငန်ဝင်၍ စိုက်ရပျိုးရခက်သည်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ် ၀န်း ဥတုရာသီပြောင်းခဲ့ပြီမှာ လွန်ခဲ့သော နှစ်သုံးဆယ်ခ န့်မှစ၍ ဖြစ်ခဲ့ သည်ဟုမိုးလေ၀သပညာရှင်တို့က သုံးသပ်ကြသည်။ အေးမြသောတိုင်းပြည်နိုင်ငံများ ပူအိုက်ချွေးပြန်နေကြ သည်။ ပူပြင်းသောဒေသများ စောင်ခြုံရအောင် အေးမြနေပြီ။ ကမ္ဘာ့သတင်းများ၌ မကြာမကြာရေကြီး မိုးခေါင်၊ နှင်းကျမှုလွန်ကဲ ဖြစ်စဉ်တို့ ဖတ်ရှု၊ ကြည့်ရှုနေကြရသည်။ ကန္တာရဖြစ်လု ဒေသများမိုးများ၍ ယ ခုရေကြီးနေပြီ။ ဗြောင်းတိဗြောင်းပြန် ခလောက်ဆန်နေခဲ့ပါပြီ။

မြန်မာနိုင်ငံတွင်လည်းရာသီဥတု ပြောင်းလဲမှုဒဏ်ကိုသိသိသာသာကြုံတွေ့လာနေကြရပါပြီ။ လွန် ခဲ့သော နှ စ်နှစ်ဆယ်ခန့်မှစ၍ဤပြဿနာများ မြန်မာနိုင်ငံတွင်ကြုံတွေ့လာနိုင်သည်ဟုကြိုပြောကြ၊ ရေးသား၊ ဟောပြော ကြ သည်။ ရေကိုချွေတာ အသုံးပြုကြရန် မြစ်များ၊ ချောင်းများထိန်း သိမ်းကြရန်၊ စာစောင်ဂျာနယ်များတွင် မကြာမကြာရေးသားနှိုးဆော်ခဲ့ကြပါသည်။

ယခုတော့ကြုံရပြီ။ဘာလုပ်ကြမည်နည်း။ဧရာဝတီမြစ်လည်း သောင်ထွန်း၍ နွေအခါ ရေ နည်းပြီ။ချင်း တွင်းမြစ်လည်း နွေကာလ လှေလောက်သာသွားလာနိုင်တော့သည်။ ခက်လာပြီ။ ထိန်းရန်၊ သိမ်း ရန်၊ ပြုပြင် ဆင် ခြင်ကြရန်၊ အချိန်လေးတော့မီနိုင်ပါသေးသည်ဟု ထင်မိပါသည်။

မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ရာသီဥတုပြောင်းလဲမှုမှာ မုတ်သုန်ဝင် ရောက်မှုနောက်ကျလာခြင်းနှင့် မုတ်သုန် ဆုတ်ခွာမှုစောလာခြင်း ဖြစ်သည်။ ဒီတော့ မိုးရွာသောရက်ကာလနည်းလာသည်။ ဤ အချက်ကို ၂၀၁၂ခုနှစ်တွင်သိသာစွာစခဲ့သည်။ နောက်တစ်ချက်ပို၍သိသာလာသည်မှာပို၍ဆိုးလာသည်။ ပို၍မိုးခေါင် မိုး နည်း လာသည်။ နဂိုမူလမိုးနည်းရာမှ မိုးပြတ် သည်အထိ ဖြစ်လာသည်။ သို့သော် ဥတု ရာသီမမှန်၍ တစ်ခါ တစ်ရံ မုန်တိုင်းမိုး၊ ပျံကျမိုး၊ တောင်တရုတ်ပင်လယ်မှလာသော မိုးများကြောင့် ပြင်းပြင်ထန်ထန် သဲသဲမဲမဲရွာတတ်ပြီး မြေပြိုရေစား၊တံတားကျိုး၊ရွာပျက်မှုများ၊ အညာဒေသ၌ ဖြစ်လာကြ သည်။ နောက်တစ် ချက် နဂိုမူလပူပြင်း သောနွေကာလထက် ပို၍ပို၍ သိသိသာသာ ပူပြင်းသော ဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ခံစားလာကြရသည်။ ယခုနှစ်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက အညာဒေသ တွင် နှစ်ပတ် ခန့်နေထိုင်ခဲ့ သည်။ ယခင်က ညစောင်ခြုံ၊ နံနက်မီးလှုံခဲ့ရသော အညာ၏ ဖေဖော်ဝါရီလ သည် မိုးလင်းခါ နီးခဏသာအေးပြီး နံနက်ရှစ်နာရီခန့်မှစ၍ ပူပြင်းသောနေ၏အပူဒဏ်ကို ညနေ လေး နာရီအထိ ခံစားခဲ့ ရသည်။

ဤသို့သောအခြေအနေတွင်လူသားများ၊တိရစ္ဆာန်များပင်အပူဒဏ်ကိုမခံနိုင် ဖြစ်နေရာ နုနယ်သော သီးနှံ စိုက် ခင်းများမှာ လိုအပ်သော အနေတော်အစိုဓာတ်ရရှိရေး ခက်ခဲမှုများစွာရှိလာပါတော့သည်။ မိုးရွာမှု နည်း ပါး သဖြင့်ဆည်၊ ရေလှောင်တမံများတွင်လည်း ရေနည်းပြီ။ဆည်ရေမပေးနိုင်၊ နွေစပါးစိုက်ဧကများ သိသိ သာသာနည်း သွားပြီး၊ မြောင်းရင်းလယ်များ၌သာ ရေ နည်းနည်းပေး၍ စိုက်နိုင်တော့သည်။

မြောင်းဖျားလယ်များရေမရှိ။ ရွှေဘို၊ ၀က် လက်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်းစသည့် မူး တူးမြောင်းရေ ၀င်စပါးခင်း များ နွေစပါး မစိုက်နိုင်သဖြင့် ယခင်နွေကာလတွေ့နေကျ မြင်ကွင်း စိမ်းစိမ်းလန်းလန်းများသည်ဝါခြောက်နေ ခဲ့ပြီ။ မြေအောက်မှရေကို ထုတ်ယူအသုံးပြု ကြသည်ဆိုရာ၌ လည်း ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဂရုပြုကြရပါသေးသည်။ ရေအောင်းလွှာများ ပေါများစွာရှိသောဒေသများ၌ မြေအောက်စက်ရေတွင်းများတူး လျှင် ရေထွက်သည်ဆိုတိုင်း တူးကြရသည်မဟုတ်။

မြေအောက်ရေထုတ်ယူအသုံးပြုမှုများလျှင် မြေအောက်ရေ၏မျက်နှာပြင်နိမ့်ကျလာပြီး၊နဂိုရှိပြီး သောက်သုံးရေ တွင်း ရေကန်များ၊ ရေမြန်မြန် ခမ်းခြောက်လာ သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြေအောက်ရေ သုံးပြမှုကြောင့် မြေနိမ့်မှု ကြုံတွေ့ရပြီး မိုးရာသီမိုးနည်းနည်းရွာ သည်နှင့် ရေကြီးရေလျှံနေပြီကို နမူနာယူသင့် သည်။ မြေကျွံမှုသာမက မြေအောက်ရေ များများစားစားထုတ်သုံးကြလျှင် ရေအရည် အသွေးကျဆင်း လာပြီး ရေကြောင့်ကျန်းမာ ရေး ထိခိုက်လာသည်။ သစ်တောကလည်း ပြုန်း၊ မြေအောက်ရေကိုလည်း လိုအပ်သည် ထက်ပိုသုံးကြလျှင် အကျိုးထက်အပြစ်ပို များ လာနိုင်ပါလိမ့်မည်။

နောက်တစ်ချက်မှာ ရှိသမျှရေ နည်းနည်းပါးပါးရသမျှသော ရေကို ရေစုပ်စက် ဖြင့်ရေတင် သီးနှံစိုက်ပျိုးရန် ဆိုသည်မှာလည်း စက်သုံးဆီဝယ်သုံးရသော စရိတ်နှင့် တစ်ဧကထုတ်လုပ်မှု ပိုမိုကုန်ကျမည့်စရိတ် တို့ကို လည်း စိစစ်ကြည့်ကြရပါသေးသည်။ ကျွဲ၊ နွားနှင့်ကုန်းရုန်းပြီး ပင်ပန်းကြီးစွာလုပ် ကိုင်ခဲ့ကြ ရသော လယ်ယာ မှ ကုန်ကျစရိတ် ထက် အမြတ်ရရှိအောင် ပြုလုပ်ရပါဦးမည်။

အမြတ်မရသော်လည်း အရင်းရလျှင်ရ၊ အကြွေးမတင်လျှင်တော်ပြီဟု ပြောရမလို ဖြစ်နေပြီ။ အကြွေးတင်မှာ ကိုအလွန် ကြောက်နေရပါပြီ။ ရေအခက်ကြောင့် သီး နှံအထွက်နည်းပါးမှုကို တောင်သူလယ် သမားကြီးများ ကြုံတွေ့နေကြရသည်။

ကမ္ဘာ့စိုက်ပျိုးရေး သတင်းများတွင် ကမ္ဘာအရပ်ရပ် ဒေသများစွာ၌လည်း သောက်သုံးရေ၊ စိုက်ပျိုးရေရှား ပါးလာ၍ စိုက်ပျိုးရေးပညာရှင်များက လယ်ယာ၌ သက်တမ်းတိုသော သက်လျင်မျိုးများနှင့် ရေ အသုံးပြု မှု  ရေလိုအပ်မှုနည်းသော မျိုးများ၊ ရေငတ်ခံမျိုးများ၊ စိုက်ပျိုးနည်းစနစ် များ၊ မျိုးသစ်များ ထုတ်လုပ်ပေးနေကြပြီ ဟု သိရ၊ ဖတ်ရသည်။ ရေများများနှင့် စိုက်ရ သော စပါးသီးနှံ ကိုပင် ရေနည်းနည်းဖြင့် ရေလိုအပ်ချိန်၌ လိုသလောက်ရေပေးပြီး စိုက်ပျိုးနိုင်သည့်နည်းစနစ်များ ပြောင်းလဲ ကျင့်သုံးနေကြပြီဖြစ် သည်။ ရွှေကဲ့သို့ရှား ပါးလာသောရေသည် ဥတုရာသီဖောက်ပြန်လာ လျှင် ရေကြောင့်လည်း ရေကြီးနစ်မြုပ်ပျက်စီးမှုကြုံကြ ရ ပါသေးသည်။မိုးခေါင်လည်းသီးနှံပျက်၊ ရေကြီးလည်း သီးနှံမထွက်ဖြစ်နေပြီ။ လူ၏လုပ်ရပ် အမှားကြောင့်ဖြစ် သော ရေကြီးခြင်း(ချောင်းများမြစ်များမြေဖို့၊ ရေလွှဲ၍သတ္တုတူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရတနာရှာခြင်း တို့ကြောင့် ဖို့မြေများဖြင့် ရေစီး ကြောင်းပျက်စီးခြင်း)များကို ဥပဒေအုပ်ချုပ် မှုနည်းလမ်း များဖြင့် ဖြေရှင်းနိုင် ပါသော် လည်း သဘာဝကြောင့်ဖြစ်ရသော ရေကြီး ရေလျှံ၊ ရေလွှမ်း၊ မိုးခေါင်မှုကို ကာကွယ်ရန် ခဲယဉ်း ပါသည်။ 
သဘာဝကြောင့်ဖြစ်ရသည်ကို ရေရှည်ကြည့်၍ ပြုပြင်ကာကွယ်ဆောင်ရွက်နိုင်သကဲ့သို့ လူကြောင့်ဖြစ်ရ သည့်(သစ်တောပြုန်းတီးမှု၊ မြစ်ကြောင်းတစ် လျှောက်သဲနုန်းဆယ်ယူမှုမရှိခြင်း၊ထိန်းသိမ်းအစောင့် ရှောက်မှု အားနည်းခြင်း)ကို ဥပဒေဖြင့် ထိထိ ရောက်ရောက် အရေးယူသင့်ပါပြီ။ ရေအသုံးချရေးမူဝါဒနှင့်ဥပဒေ ရေ၏ အသုံးဝင် ၊ အဖိုးတန်မှုကို အကျယ်ချဲ့ရေးမပြလိုတော့ပေ။ “ရေ အသက် တစ်မနက်”ဆိုသောစကား တိုတို ဖြင့်သာ ဖော်ပြ၊ ရေးသားလိုက်ချင်ပါတော့ သည်။ ရှိပြီးသော ရေအရင်းအမြစ်များလျော့ နည်းပျက်စီး ဆုံးရှုံးမ သွားရန်နှင့် ရှိပြီးသော ရေအရည်အသွေးများ ကျဆင်းမသွားရန် ရေကို အလွဲသုံးစားမှုမပြုကြရန်နှင့် ရေ ကြောင့် ပဋိပက္ခများမဖြစ်ကြရန်၊ ရေကြီး ခြင်း၊ ရေရှားခြင်း၊ မိုးနည်းခြင်း၊ မိုးများခြင်းမဖြစ်ရန် ဘာလုပ် ကြမည်နည်း။ ထိန်းသိမ်းဆင်ခြင်၊ သဘာဝကို စောင့်ရှောက်ကြရပါ မည်။ နိုင်ငံများစွာ တွင် လည်းေ ကာင်း ၊ နိုင်ငံအချင်းချင်းတွင်လည်းကောင်း၊ နိုင်ငံတစ် နိုင်ငံစီ၌လည်းကောင်း “ရေအသုံးချရေး မူဝါဒနှင့် ဥပဒေ”ရှိ သင့်ပါပြီ။

ရေအသုံးချရေး၊ ရေထိန်းသိမ်းရေးမူဝါဒနှင့်ဥပဒေများသည် မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေကဲ့ သို့ ချမှတ် ပြဋ္ဌာန်းပြီး စောင့်ရှောက်ကြမှသာ ကျွန်တော်တို့ပြောပြောနေကြ သုံးနှုန်းနေကြသည့်၊ မည်သည့် လုပ်ငန်းလုပ်လုပ် “ရေရှည်တည် တံ့ခိုင်မြဲသော” လုပ်ငန်းများ၊ ရေရှည်တည်တံ ခိုင်မြဲသော ဒေသ များ၊ ရေ ရှည်ခိုင်မြဲ သောမြို့နယ်၊ ပြည်ရွာများ ရေရှည်တည်တံ့ ခိုင်မြဲသော ကမ္ဘာကြီးဖြစ်လာပါလိမ့်မည်။ သို့မဟုတ် ပါက . . . ။

ref: ကိုရဲ(စိုက်ပျိုးရေး)
The Farmer Media

No comments:

Post a Comment