Monday, March 11, 2013

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်



သြစတြေးလျ သိပ္ပံပညာရှင်များ သည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်
ရှိကြသည်။
...
နယူးဆော့သ်ဝေးလ်တက္ကသိုလ် မှ ဂေးလစ်ဂီလမင်နှင့်အဖွဲ့သည် ဦးနှောက်ရောဂါများဖြစ်သည့် အယ်လ် ဇိုင်းမားရောဂါ၊ အော့တစ်ဇင်ရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ တို့တွင် အဓိကပါဝင်ပတ်သက်နေသည့် qu-inolinic acid ကိုဖော်ထုတ်ပြသ နိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
သြစတြေးလျအဖွဲ့သည် မိမိ ကိုယ်ကိုသတ်သေရန် ကြိုးစားသူများ ၌ quinolinic acid မြင့်တက်နေ သည်ဟုတွေ့ရှိထားသော ဆွီဒင် သုတေသနအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။

အနာဂတ်တွင် quinolinic acid ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်ရန် သီးသန့်အင်ဇိုင်းတစ်ခုဖန်တီး၍ မိမိကိုယ်ကို သတ်သေမှုလျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း သုတေသီများကဆိုသည်။

မေ့ဆေးပေးရာတွင် အသုံးပြုသည့် ketamine သည် quinolinic acid နှင့် စိတ်ကျဝေဒနာတွင် ဖြစ်ပေါ် သည့်ဓါတုပစ္စည်းများတွယ်ကပ်ရာ receptor ကိုသွားရောက်ပိတ်ဆို့နိုင် သည်။ သို့သော်အဆိုပါနည်းလမ်းကို လက်တွေ့အသုံးချနိုင်ခြင်းမရှိသေး ပေ။

သုတေသီများ၏ ယခုလေ့လာမှု မှာ သွေးစစ်ချက်အဖြေများကို အ ခြေခံပြီး စိတ်ရောဂါရှာဖွေခြင်း အ တွက် အထောက်အပံ့ဖြစ်စေရန်၊ စိတ်ကျရောဂါကုသဆေးသစ်များ တီထွင်နိုင်ရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။

သီဟ
Health Updates Journal
သြစတြေးလျ သိပ္ပံပညာရှင်များသည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်ရှိကြသည်။
...
နယူးဆော့သ်ဝေးလ်တက္ကသိုလ် မှ ဂေးလစ်ဂီလမင်နှင့်အဖွဲ့သည် ဦးနှောက်ရောဂါများဖြစ်သည့် အယ်လ် ဇိုင်းမားရောဂါ၊ အော့တစ်ဇင်ရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ တို့တွင် အဓိကပါဝင်ပတ်သက်နေသည့် qu-inolinic acid ကိုဖော်ထုတ်ပြသ နိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
သြစတြေးလျအဖွဲ့သည် မိမိကိုယ်ကိုသတ်သေရန် ကြိုးစားသူများ၌ quinolinic acid မြင့်တက်နေ သည်ဟုတွေ့ရှိထားသော ဆွီဒင် သုတေသနအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။

အနာဂတ်တွင် quinolinic acid ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်ရန် သီးသန့်အင်ဇိုင်းတစ်ခုဖန်တီး၍ မိမိကိုယ်ကို သတ်သေမှုလျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း သုတေသီများကဆိုသည်။

မေ့ဆေးပေးရာတွင် အသုံးပြုသည့် ketamine သည် quinolinic acid နှင့် စိတ်ကျဝေဒနာတွင် ဖြစ်ပေါ် သည့်ဓါတုပစ္စည်းများတွယ်ကပ်ရာ receptor ကိုသွားရောက်ပိတ်ဆို့နိုင်သည်။ သို့သော် အဆိုပါ နည်းလမ်းကို လက်တွေ့အသုံးချနိုင်ခြင်းမရှိသေး ပေ။

သုတေသီများ၏ ယခုလေ့လာမှု မှာ သွေးစစ်ချက်အဖြေများကို အ ခြေခံပြီး စိတ်ရောဂါရှာဖွေခြင်း အ တွက် အထောက်အပံ့ဖြစ်စေရန်၊ စိတ်ကျရောဂါကုသဆေးသစ်များ တီထွင်နိုင်ရန် ရည်မှန်းလျက် ရှိကြောင်း သိရသည်။

Health Updates Journal

No comments:

Post a Comment