Monday, March 11, 2013

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရန် အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပတိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေး ဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့်တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီးထားသော အသားများ စားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
BMC Medicine ဂျာနယ်၌ ဖော်ပြခဲ့သော သုတေသနတွင် ပြုပြင်ထားသော အသားများကို ရေရှည်ခံရန်အတွက် သုံးစွဲသည့် ဆားနှင့် ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သုတေသနပညာရှင်များက ရေးသားခဲ့သည်။ ယခုလေ့လာမှုကို ဥရောပ ၁၀ နိုင်ငံတွင် ၁၃ နှစ်ကြာ သုတေသနပြုခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ဦး သေဆုံးတိုင်း တစ်ဦးသည် ပြုပြင်ဖန်တီးထားသော အသားများ စားသုံးခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သုတေသနက တွေ့ရှိခဲ့သည်။
ပြုပြင်ထားသော အသားများ အများအပြား စားသုံးသူများသည် ဆေးလိပ်သောက်သုံးရန်၊ အ၀လွန်ရန်နှင့် ကျန်းမာရေးကို ပျက်စီးစေနိုင်သော အခြားအပြုအမူများ ပိုမိုရှိတတ်ကြောင်းလည်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုတွင် ပါဝင်ခဲ့သော လူ ၁၇ ဦးတိုင်းတွင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်လျှင် ပြုပြင်ထားသော အသား ၁၆၀ ဂရမ်ကျော်၊ ၀က်အူချောင်း နှစ်ချောင်းနှင့် ၀က်ဆားနယ်ခြောက် တစ်ပြားခန့် စားသုံးသူတိုင်းသည် ၂၀ ဂရမ်ခန့် စားသုံးသူများထက် သက်တမ်း ၁၂ ဒသမ ၇ နှစ် ပိုတိုရန် ဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ 
လေ့လာမှုတွင် ပါဝင်ခဲ့သူများအနက် လူ ၁၀၀၀၀ ဦးခန့်သည် ကင်ဆာဖြင့် သေဆုံးခဲ့ပြီး ၅၅၀၀ ခန့်မှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၅၀ ဂရမ် စားသုံးသူများသည် ကင်ဆာဖြစ်နိုင်ခြေ ၅ ပုံ ၁ ပုံခန့် မြင့်တက်လာကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၂၀ ဂရမ်ထက် ပိုမစားပါက အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဇူးရစ်တက္ကသိုလ်မှ ပါမောက္ခဆာဗင်းရော်မန်းက ပြောကြားခဲ့သည်။


NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

Sa Maung
ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင် ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ် ရွယ်နှင့် သေဆုံးရန်အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပ တိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှု တစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေးဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့် တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီး ထားသော အသားများစားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
BMC Medicine ဂျာနယ်၌ ဖော်ပြခဲ့သော သုတေသနတွင် ပြုပြင်ထားသော အသားများကို ရေရှည်ခံရန် အတွက် သုံးစွဲသည့်ဆားနှင့်ဓာတုပစ္စည်းများက ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်း သုတေသန ပညာရှင်များက ရေးသားခဲ့သည်။ ယခုလေ့လာမှုကို ဥရောပ ၁၀ နိုင်ငံတွင် ၁၃ နှစ်ကြာ သုတေသနပြုခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ဦး သေဆုံးတိုင်း တစ်ဦးသည် ပြုပြင်ဖန်တီးထားသော အသားများ စားသုံးခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သုတေသနက တွေ့ရှိခဲ့သည်။
ပြုပြင်ထားသော အသားများအများအပြား စားသုံးသူများသည် ဆေးလိပ်သောက်သုံးရန်၊ အ၀လွန်ရန်နှင့် ကျန်းမာရေးကို ပျက်စီးစေနိုင်သော အခြားအပြုအမူများ ပိုမိုရှိတတ်ကြောင်းလည်း လေ့လာ မှုက ဖော်ပြ ခဲ့သည်။ ယင်းလေ့လာမှုတွင်ပါဝင်ခဲ့သော လူ ၁၇ ဦးတိုင်းတွင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်လျှင် ပြုပြင် ထားသောအသား ၁၆၀ ဂရမ်ကျော်၊ ၀က်အူချောင်း နှစ်ချောင်းနှင့် ၀က်ဆားနယ်ခြောက် တစ်ပြားခန့် စားသုံးသူတိုင်းသည် ၂၀ ဂရမ်ခန့် စားသုံးသူများထက် သက်တမ်း ၁၂ ဒသမ ၇ နှစ် ပိုတိုရန် ဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
လေ့လာမှုတွင် ပါဝင်ခဲ့သူများအနက် လူ ၁၀၀၀၀ ဦးခန့်သည် ကင်ဆာဖြင့် သေဆုံးခဲ့ပြီး ၅၅၀၀ ခန့်မှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၅၀ ဂရမ် စားသုံး သူများ သည် ကင်ဆာဖြစ်နိုင်ခြေ ၅ ပုံ ၁ ပုံခန့် မြင့်တက် လာကြောင်း လေ့လာမှု အရ တွေ့ ရှိခဲ့သည်။ တစ်ရက် လျှင် ပြုပြင်ထားသော အသား ၂၀ ဂရမ်ထက် ပိုမစားပါက အရွယ်မတိုင်မီ သေဆုံးမှု များ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဇူးရစ်တက္ကသိုလ်မှ ပါမောက္ခ ဆာဗင်းရော်မန်း က ပြောကြား ခဲ့သည်။


From...   NLABR
Facebook: Miraculous Master For English Language


No comments:

Post a Comment