Monday, March 11, 2013

ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း


ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း
Monday, 11 March 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်
ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထား
တယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်းကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်း
လည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေး
တိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကို ကျောင်းတိုက်မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်တာဘာမှမဖြစ်ပါဘူး” 
ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း
ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း ပြောကြားပါသည်။

“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေ
အနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစား
အသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်းတာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြားထားသည်။
eleven media group

ZinYawNews
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာ အဆိပ် သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင်ကတည်းကပါ။ အလှူနဲ့မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက် ၀မ်းလျှော ဖြစ်နေ တာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်းလည်းဖြစ်၊ အလှူပေး တဲ့နေ့ က နေပူထဲအလှူလှည့်ပြီး အပြန်မှာအအေးတိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ ဟင်းကို ကျောင်းတိုက်မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်တာ ဘာမှမဖြစ် ပါဘူး” ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်းကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း ပြောကြားပါသည်။

“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေအနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစားအသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်း တာလားဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြားထားသည်။
eleven media group


No comments:

Post a Comment