၁၃-၈-၂ဝ၁၂ ရက်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Organization of
Islamic Cooperation-OIC) ဝင် နိုင်ငံခြားရေး
ဝန်ကြီးများသည် ဆီးရီးယားနိုင်ငံအားအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ ထားရန်
ဆော်ဒီအာရေဗျ နိုင်ငံမက္ကာမြို့တွင်ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင်
အဆိုပြုသည်။
၂၆-၈-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် အာဖဂန်နစ္စတန် နိုင်ငံရှိ ညွန့်ပေါင်းတပ်ဖွဲ့ဝင် များအား လျှော့ချမှုတစ်စိတ်တစ်ဒေသအဖြစ် အခြေစိုက်စခန်း ၂ဝ၂
ခုအား ပိတ်သိမ်းခဲ့ပြီး အာဖဂန် အစိုးရထံသို့ လွှဲပြောင်းပေးသည်။
၂၈-၈-၂ဝ၁၂ ရက်။ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement-NAM)
အဖွဲ့ဝင် နိုင်ငံများ မှ နိုင်ငံခြားရေး ဝန်ကြီးများသည် အီရန်နိုင်ငံတီဟီရန် မြို့တော်တွင်ကျင်းပ ပြုလုပ်သော ဝန်ကြီးများ အဆင့်
ဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၇-၉-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီသည် လိုက်ဘေးရီးယားရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး
မစ်ရှင် အား နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့် သည်။
၁၉-၉-၂ဝ၁၂ ရက်။ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (Collective Security
Treaty Organization-CSTO အဖွဲ့ဝင် နိုင်ငံ များ ဖြစ်သော အာမေးနီးယား၊
ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ တာဂျစ် ကစ္စတန်၊ ကာဂျက်စတန် နိုင်ငံတို့သည်
၎င်းတို့၏ အရေးပေါ်အခြေအနေ ပူးပေါင်း တုံ့ပြန်ရေးအဖွဲ့ (Collective Rapid
Reaction Force- CRRF) ၏ စွမ်းပကားကို မြှင့်တင်ရန် ရည်ရွယ်၍
"Cooperation-2012" ဟု အမည် ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း
တစ်ရပ်ကို အာမေး နီး ယား နိုင်ငံတွင် ပြုလုပ်သည်။
၉-၁ဝ-၂ဝ၁၂ ရက်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အာဖဂန် နစ္စတန်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ၏
တာဝန်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်သည်။
၁ဝ-၁၂-၂ဝ၁၂ ရက်။ ကမ္ဘာ့ ကုန်သွယ်ရေး (WTO)၏ အထွေထွေ ကောင်စီ တာဂျစ်ကစ္စတန် နိုင်ငံအား အဖွဲ့ဝင် အဖြစ် အတည်ပြု သည်။
၁၂-၁၂-၂ဝ၁၂ ရက်။ NATOတပ်ဖွဲ့သည်ကာကွယ်ရေးအသုံးစရိတ်
လျှော့ချရေးနှင့်အထူးတပ်ဖွဲ့များပို မိုညှိနှိုင်း ဆောင်ရွက်နိုင်စေရေးတို့အတွက်
ပူးပေါင်းစစ်ဆင်ရေး နည်းလမ်းများဖွံ့ဖြိုး တိုးတက် စေခြင်းနှင့် ပူးတွဲ
လေ့ကျင့်ခြင်းတို့ဖြင့် ၎င်းတို့၏စွမ်းရည်ကို ဆက်လက်တိုးမြှင့် နိုင်စေရေး
စွမ်းဆောင် ပေးနိုင်မည့် ၎င်း၏ အထူးတပ်ဖွဲ့များဆိုင်ရာ ဌာနချုပ်သစ်တစ်ရပ်ကို ဘယ်လ်ဂျီယံ နိုင်ငံ Mons မြို့တွင် ထူထောင်ဖွင့်လှစ်သည်။
ref:မြ၀တီ

No comments:
Post a Comment