Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ်
ပြောကြား ထားသည်။

ရော့ဒ်မန်းသည် လက်ရှိတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရမည့် အမေရိကန် နိုင်ငံ မှ အထူး ဧည့်သည်တစ်ဦး ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော ဘေ့စ်ဘော ကစားပွဲကို ကြည့်ရှုရန် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရော့ဒ်မန်းနှင့် Harlem Globetrotters အဖွဲ့သားများ မြောက်ကိုရီးယား
နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် သည် မြောက်ကိုရီးယား နိုင်ငံ၏
 နျူကလီးယား စမ်းသပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ၎င်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တင်းမာ နေချိန်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်၏ လူ့ အခွင့်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ရော့ဒ်မန်းက မိမိသည် သံတမန်တစ်ဦး မဟုတ် ကြောင်း၊ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ၎င်း၏ ကိုယ်စား တောင်းပန်ခြင်း မပြုနိုင်ကြောင်း၊ သို့သော် ကင်ဂျုံ အွန်သည် ယခုအခါ မိမိ၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

http://bit.ly/12pXerH

မြ၀တီ
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်သည် စစ်ပွဲကိုအလိုရှိသူ မဟုတ်ကြောင်း ၎င်းအလိုရှိသည်မှာ အမေရိကန်သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာဖြစ်ကြောင်း NBA ချန်ပီယံကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ် ပြောကြားထားသည်။

ရော့ဒ်မန်းသည် လက်ရှိတွင် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံရမည့် အမေရိကန် နိုင်ငံ မှ အထူးဧည့်သည်တစ်ဦး ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့်သီတင်းပတ်က ပြုံယမ်းမြို့တွင် ပြုလုပ် ခဲ့သော ဘေ့စ်ဘောကစားပွဲကို ကြည့်ရှုရန် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရော့ဒ်မန်းနှင့် Harlem Globetrotters အဖွဲ့သားများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် သည် မြောက်ကိုရီးယား နိုင်ငံ၏နျူကလီးယား စမ်းသပ်ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ ၎င်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးတင်းမာ နေချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်၏ လူ့ အခွင့်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ရော့ဒ်မန်းက မိမိသည် သံတမန်တစ်ဦး မဟုတ် ကြောင်း၊ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ၎င်း၏ ကိုယ်စား တောင်းပန်ခြင်း မပြုနိုင်ကြောင်း၊ သို့သော် ကင်ဂျုံ အွန်သည် ယခုအခါ မိမိ၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment