Tuesday, March 5, 2013

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြုသူတွေများပြားလျက်ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တွေ ဟာ ဆေး လိပ်ငွေ့နဲ့ တခြား လေထုညစ်ညမ်း စေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်
ဆုံး ဒြပ်ပေါင်းတစ်မျိုးကို ဖန်တီးပေးနိုင်တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိထားပါတယ်။
ယနေ့အချိန်ခါမှာ အမျိုးသမီးသုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင်ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါ တယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။
Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာ လည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ် လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ ပြန် မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါ ကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထား ပါတယ်။
Good Health

No comments:

Post a Comment