Tuesday, March 5, 2013

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ ၍ ဆေး ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၄၊ ရန်အေးလမ်း၊ ရန်အောင် ရပ်ကွက်နေ ကို ၀င်းနိုင် (၄၁ နှစ်) သည် အလုပ်မှအပြန် နံနက် ၁၀ နာရီခွဲခန့်က လက်မောင်းကိုက်ခဲ သောကြောင့် ဇနီးဖြစ် သူနှင့်အတူဆိုက်ကားငှားပြီး ဆယ်သိန်းရပ်ကွက်၊ ရတနာပုံလမ်းတွင် ဆေးခန်းဖွင့်လှစ်ထားသည့် ဦးနှောက်နှင့် အာရုံကြော၊ စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာဝင်းနိုင်၏ ဆေးခန်းသို့သွားရောက် ပြသခဲ့ကြောင်း သိ ရသည်။
ဆေးခန်းသို့ သွားရောက်ပြသရာတွင် ဒေါက်တာဝင်းနိုင်မှာ ထမင်းစားနေသောကြောင့် ၎င်း၏သား ဖြစ်သူ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်ဇင်ဝင်းနှင့် ကုသခဲ့သည်။
၎င်းမှ ဦးဝင်းနိုင်ကို အကိုက်အခဲ ပျောက်ဆေးတစ်လုံး ထိုးပေးခဲ့ကြောင်း၊ ဆေးထိုးပြီးနောက် ဦးဝင်းနိုင်နှင့် ဇနီးဖြစ် သူက ငှားလာသည့် ဆိုက်ကားနှင့် ပြန်လည်ထွက်သွားပြီး မိနစ်အနည်းငယ် အကြာတွင် ဦးဝင်းနိုင် မှာ ဆိုက်ကားပေါ်တွင် နောက်သို့ကော့လန်ကာပါးစပ်မှအမြှုပ်အနည်းငယ်ထွက်ပြီး သတိလစ်သွား ရာ ဆေး ခန်း သို့ ပြန်လာခဲ့သည်ဟု သိရသည်။
ထိုအချိန်တွင် ဒေါက်တာဝင်းနိုင်က သားဖြစ်သူ ဆရာဝန်ကို မေးမြန်းပြီး လူနာကို ဆေးသုံး လုံး ပြန် ထိုးပေး ကာ အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရာ ဦးဝင်းနိုင်မှာ ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် သေဆုံးသူ ဦးဝင်းနိုင်၏ ဇနီးဖြစ်သူ မခင်သက်မော်က “ပြန်ပြောရင် အဟောင်းတွေက အသစ်ဖြစ်လို့ ပြန်မပြောချင်တော့ပါဘူး။ သေတဲ့လူလဲ သေသွားပါပြီ။ ဟိုတိုင်ဒီတိုင်လဲ မလုပ်ချင်တော့ ပါဘူး။ ဖြစ်ဖြစ်ချင်းကတော့မကျေမနပ် ဖြစ်မိပါတယ်။ သူတို့ဘက်ကတော့ လူမှုရေးအရ လာကြည့်ပြီး ကူညီမယ် ဆိုပြီး ပြောပါတယ်။ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောသွားတယ်။ နာရေးကိစ္စဖြစ်စက ပိုက်ဆံ တစ်သိန်းစီနဲ့ နှစ်ခါလာပေးပါတယ်။ ကျွန်မက မယူခဲ့ဘဲရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ပြန်ပေးခဲ့ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကလေးတွေ ရှေ့ရေးအတွက် ကူညီမှုဆိုရင်တော့ သူတို့ရဲ့ အကူအညီကို လက်ခံသွားမှာပါ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းကပင် “ဘာကြောင့်ဆုံးတယ်လို့တော့ ဆေးရုံက မပြောပါဘူး၊ ခုထိလည်း မသိရ သေး ဘူး” ဟု ပြောသည်။
အဆိုပါ ဆေးခန်းပိုင်ရှင် ဒေါက်တာဝင်းနိုင်၏ သားဖြစ်သူ ဒေါက်တာကျော်ဇင်ဝင်းကလည်း “သူက လက်မောင်းကိုက်တယ် ပြောလို့ ကျွန်တော်အကိုက်အခဲပျောက်ဆေးတစ်လုံး ထိုးပေးလိုက်တယ်။ အကိုက် အခဲ ပျောက်ဆေးကလည်း သူအရင်နှစ်ခေါက် သုံးခေါက်လောက်လာတုန်းက ထိုးပေးခဲ့ဖူးတဲ့ဆေးပါ” ဟု ပြော သည်။
သေဆုံးသူ ဦးဝင်းနိုင်နှင့် ပတ်သက်၍လည်း “ဆေးဖိုးတွေဘာတွေ ရှင်းပြီးပြန်ထွက်သွားပြီး ဆယ်မိ နစ်လောက် ကြာတော့ဒီလိုဖြစ်တယ်။ တက်နေတယ်ဆိုပြီး ပြန်ရောက်လာတာပဲ။ အရင်ကလည်း တက်တတ်တဲ့ ရောဂါ အခံရှိတယ်လို့ ပြောတယ်။ ပါးစပ်က အမြုပ်နည်းနည်းထွက်နေပြီ၊ သတိလည်း ကောင်းေ ကာင်းမရှိတော့ဘူး။ အသက်ရှူလည်းရပ်နေပြီ၊ ဒီတော့ကျွန်တော်က အသက်ကယ်ဆေး၊ နှလုံးခုန်ဆေးနဲ့ အသက်ရှူဆေးရယ် ထိုးပေးပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို အငှားကားငှားပြီး ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးလိုက်တယ်။ ဟိုရောက်တော့ ဆုံးပြီလို့ သိရတယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
ကိုဝင်းနိုင် သေဆုံးမှုနှင့် ပက်သက်၍ သင်္ကန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွန်းရွှေ က လည်း “လောလောဆယ် ဒီကိစ္စကိုသင်္ကန်းကျွန်း ရဲစခန်းမှာ သေမှုသေခင်းအဖြစ် ထားပါတယ်။ ဆေးစာရ လာတဲ့အခါမှ သေဆုံးတဲ့ အကြောင်းအရင်း အမှန်ကို သိရမှာပါ” ဟုပြောသည်။
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ တာဝန်ကျမှုခင်းဆရာဝန်ကြီးကမူ ဓာတုဗေဒဌာန၏ စစ်ဆေးမှုရလဒ် အဖြေ ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ယခု သေဆုံးသွားသည့် ကိုဝင်းနိုင်မှာ ဇနီးဖြစ်သူ မခင်သက်မော်နှင့် အိမ်ထောင်သက် ၁၇ နှစ် ရှိပြီဖြစ်ပြီး သား သုံးယောက်ကျန်ရစ်ခဲ့သည်။

ref:EMG

No comments:

Post a Comment