Tuesday, March 5, 2013

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

 အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေအနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန် အတွက် သက်ရောက်မှုများ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

အလိုအလျောက် အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အစီအစဉ် အရ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေး ထိုးခဲ့ပြီးနောက် ပါရှန် ပင်လယ်ကွေ့နှင့် ပတ်သက်၍ ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှော့ချဖြတ်တောက် ခံရမည့် ပြည်ထောင်စု ရန်ပုံငွေထဲမှ ထက်ဝက် ပမာဏ ဖြစ်သည့် ၄၆ ဘီလီယံသည် ကာကွယ်ရေး ကဏ္ဍတွင် သက်ရောက်မှု ဖြစ်စေမည် ဖြစ်ပါသည်။ အဆိုပါ သက်ရောက်မှု၏ ဒဏ်ကို အဓိက ခံစားရမည့် နယ်ပယ်မှာ အမေရိကန် ရေတပ်၏ တပ်ဖြန့်ချ ထားမှုများ ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/WIC0Db
အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေ အနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန်အတွက် သက်ရောက်မှု များ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

အလိုအလျောက်အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေးအစီအစဉ်အရ ၂ဝ၁၃ ခုနှစ်တွင် အမေရိ ကန် ပြည်ထောင်စုရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတအိုဘားမား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပါရှန် ပင်လယ်ကွေ့နှင့်ပတ်သက်၍ ယခုကဲ့သို့ သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှော့ချဖြတ်တောက်ခံရမည့် ပြည်ထောင်စု ရန်ပုံငွေထဲမှ ထက်ဝက် ပမာဏ ဖြစ်သည့် ၄၆ ဘီလီယံသည် ကာကွယ်ရေးကဏ္ဍတွင် သက်ရောက်မှု ဖြစ်စေမည် ဖြစ်ပါသည်။ အဆိုပါသက်ရောက်မှု၏ဒဏ်ကို အဓိကခံစားရမည့်နယ်ပယ်မှာ အမေရိကန်ရေတပ်၏ တပ်ဖြန့်ချထားမှု များ ဖြစ်ကြောင်း သိရှိရပါသည်။
 
From----မြ၀တီ


No comments:

Post a Comment