Tuesday, March 5, 2013

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

မတ်   ၅ ရက်၊ ၂၀၁၃
 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းမှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူ ကျပ် ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ် ထုတ်ကာ ငွေစက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက်လျက် ရှိကြောင်းသိရှိရပါသည်။ ကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန်တွေ ပေါ်ထွက်လာတဲ့အတွက် သယ်ယူသွားလာရာမှာ အဆင် ပြေပြေရှိခဲ့ပါသည်။ ဒါကြောင့်လဲ ဈေးတွေမှာ ကျပ်ငါးထောင် တွေကို အများဆုံးအသုံးပြုနေကြပြီး အခုအခါမှာတော့ နယ်စပ်မှာရှိနေတဲ့ KIA လက်နက်ကိုင် တပ်ဖွဲ့များ၏ အဆက် အသွယ်နဲ့ ဈေးအတွင်း မှာ ငွေကြေးအတုများ ၀င်ရောက်နေသည်ဟု ဈေးသည်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ငွေစက္ကူအတု ငါးထောင်ကျပ်များဟာ သာမန်ကြည့်ရုံဖြင့် မသိနိုင်ပေမယ့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ လက်ကားသမား တွေကတော့ အတုနဲ့အစစ်ကို ချက်ချင်းခွဲခြားနိုင်သည်ဟု သိရပါသည်။ မိုးကောင်းမြို့ ဈေးအတွင်းမှာ ကျပ်ငါးထောင် တန်အတုတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ကတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ကုန်သည်တွေအနေနဲ့ အထူးဂရုစိုက် စောင့်ကြည့်ကြဖို့တော့ နှိုးဆော်ထားကြောင်း သိရှိရသည်။  ဒါကြောင့်လဲ ငွေကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန် များကို သေသေချာချာ စစ်ဆေးပြီးမှ လက်ခံနေရသည်ဟု မိုးကောင်းမှ ဒေသခံများနှင့် ဈေးသည်များမှ ပြောဆိုနေကြကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေး အတွင်း မှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူကျပ်ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ်ထုတ်ကာ ငွေ စက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက် လျက်ရှိကြောင်းသိရှိရပါသည်။ ကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန်တွေ ပေါ်ထွက်လာတဲ့ အတွက် သယ်ယူသွားလာရာမှာ အဆင်ပြေပြေရှိခဲ့ပါသည်။ ဒါကြောင့်လဲ ဈေးတွေမှာ ကျပ်ငါးထောင် တွေကို အများ ဆုံးအသုံးပြုနေကြပြီး အခုအခါမှာတော့ နယ်စပ်မှာရှိနေတဲ့ KIA လက်နက်ကိုင်တပ်ဖွဲ့များ၏ အဆက် အသွယ်နဲ့ ဈေးအတွင်း မှာ ငွေကြေးအတုများ ၀င်ရောက်နေသည် ဟု ဈေးသည် တစ်ဦးမှ ပြောပြခဲ့ပါသည်။

ငွေစက္ကူအတုငါးထောင်ကျပ်များဟာ သာမန်ကြည့်ရုံဖြင့်မသိနိုင်ပေမယ့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ လက်ကားသမား တွေကတော့ အတုနဲ့အစစ်ကို ချက်ချင်းခွဲခြားနိုင်သည်ဟု သိရပါသည်။ မိုးကောင်းမြို့ ဈေး အတွင်းမှာ ကျပ်ငါးထောင် တန်အတုတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ကတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ကုန်သည်တွေအနေနဲ့ အထူး ဂရုစိုက် စောင့်ကြည့်ကြဖို့တော့ နှိုးဆော်ထားကြောင်း သိရှိရသည်။ ဒါကြောင့် လဲ ငွေကျပ် ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန်များကို သေသေချာချာ စစ်ဆေးပြီးမှ လက်ခံနေရသည်ဟု မိုးကောင်းမှ ဒေသခံ များနှင့် ဈေးသည်များမှ ပြောဆိုနေကြကြောင်း သိရှိရပါသည်။
Kachin Daily News
 

No comments:

Post a Comment