Tuesday, March 5, 2013

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

မတ် ၅ ရက်၊ ၂၀၁၃
 
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်းလက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှ အနားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး အစိုးရ တပ်သို့ အလင်းဝင်ရောက်ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးကို သေဒဏ်ချမှတ်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့မှုကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တပ်မှူးများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း KIA အရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါသည်။ သေဒဏ်ချမှတ် ထားမှုကိုလည်း ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် စစ်ဦးစီးချုပ်အား အနားပေးရန် တောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

KIA စစ်ဦးစီးချုပ်သည် သဘောထားတင်းမာပြီး ရက်စက်တက်သူတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်က ရင်း (၆) တပ်ရင်းမှူး ဘ၀တွင် ဖားကန့် စပေါ့မှော်တွင် လူတစ်ရာကျော်သတ်ဖြတ်ခဲ့ကြောင်း၊ အခုအချိန်တွင် မိမိ တပ်ဖွဲ့ဝင် ကချင်လူမျိုး အချင်း ချင်း သတ်ဖြတ်မည်ဖြစ်သည့်အတွက် တပ်မှူးများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ မိမိတပ်ဖွဲ့ဝင် ကချင်လူမျိုးအချင်းချင်းကို သတ်ဖြတ်မှုအတွက် လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့သည့်အပြင် နောက်ထပ် စစ်ဦးစီးချုပ်အသစ် ခန့်မည်ဆိုလည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် အာဏာများအား ပြင်ဆင်ရေးဆွဲရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်း လက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှအနားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင်အစည်းအဝေးပြုလုပ်ပြီး အစိုးရတပ်သို့ အလင်းဝင်ရောက် ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးကို သေဒဏ်ချမှတ်ရန် အစည်းအဝေးဆုံးဖြတ်ချက်ချခဲ့မှုကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တပ်မှူးများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း KIA အရာရှိ တစ်ဦး မှ ပြောဆိုခဲ့ပါသည်။ သေဒဏ်ချမှတ်ထားမှုကိုလည်း ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် စစ်ဦးစီးချုပ်အား အနားပေးရန် တောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

KIA စစ်ဦးစီးချုပ်သည် သဘောထားတင်းမာပြီး ရက်စက်တက်သူတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်က ရင်း (၆) တပ်ရင်းမှူးဘ၀တွင် ဖားကန့်စပေါ့မှော်တွင် လူတစ်ရာကျော်သတ်ဖြတ်ခဲ့ကြောင်း၊ အခုအချိန်တွင် မိမိ တပ်ဖွဲ့ဝင်ကချင်လူမျိုး အချင်းချင်းသတ်ဖြတ်မည်ဖြစ်သည့်အတွက် တပ်မှူးများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ မိမိတပ်ဖွဲ့ဝင် ကချင်လူမျိုးအချင်းချင်းကို သတ်ဖြတ်မှုအတွက် လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့သည့် အပြင် နောက်ထပ်စစ်ဦးစီးချုပ်အသစ် ခန့်မည်ဆိုလည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် အာဏာများအား ပြင်ဆင်ရေး ဆွဲရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
Kachin Daily News
 

No comments:

Post a Comment