Tuesday, March 5, 2013

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်

Photo: ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်
Monday, March 4, 2013

ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

''အခုလက်ရှိမှာ လျှပ်စစ်မီတာ ဘီလ်ဆောင်တာတွေကို နေပြည်တော်နဲ့ မန္တလေးမှာ လုပ်ဆောင်နိုင်ပြီး ရန်ကုန်မှာလည်း ရတော့မယ်။ မတ်လထဲမှာ ရတနာပုံ ADSL အင်တာနက်ဘီလ် ဆောင်နိုင်မယ်။ နောက်ပိုင်းမှာ Music Store ဆိုက်တွေ၊ Gift Shop ဆိုက်တွေ၊ Online Shopping ဆိုက်တွေအတွက် Ypay နဲ့ ငွေချေတာတွေ ရလာပါမယ်။ သင်္ကြန်အပြီးမှာ
တော်တော်များများ အသုံးပြုလာနိုင်ဖို့ ရှိပါတယ်'' ဟု Creative Web Studio မှ ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် Ypay စနစ်ကို AGD ဘဏ်နှင့် အပြည့်အဝ ချိတ်ဆက်၍
ဆောင်ရွက်လျက်ရှိပြီး အခြားဘဏ်များစွာနှင့် ချိတ်ဆက်ဆောင်ရွက်
နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Ypay အသုံးပြုလိုသူများအနေဖြင့် AGD ဘဏ် Account ရှိရမည်ဖြစ်သည်။

မကြာမီတွင် ဘီလ်ဆောင်ခြင်း ကိစ္စရပ်များအတွက် လူကိုယ်တိုင်သွားရန် မလိုတော့ဘဲ အွန်လိုင်းမှ Ypay ကို အသုံးပြု၍ ငွေပေးချေနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ခြင်းများကိုလည်း ယင်းဖြင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group
ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

''အခုလက်ရှိမှာ လျှပ်စစ်မီတာ ဘီလ်ဆောင်တာတွေကို နေပြည်တော်နဲ့ မန္တလေးမှာ လုပ်ဆောင်နိုင်ပြီး ရန်ကုန်မှာလည်း ရတော့မယ်။ မတ်လထဲမှာ ရတနာပုံ ADSL အင်တာနက် ဘီလ် ဆောင်နိုင်မယ်။ နောက် ပိုင်းမှာ Music Store ဆိုက်တွေ၊ Gift Shop ဆိုက်တွေ၊ Online Shopping ဆိုက်တွေအတွက် Ypay နဲ့ ငွေချေတာတွေ ရလာပါမယ်။ သင်္ကြန်အပြီးမှာတော်တော်များများ အသုံးပြုလာနိုင်ဖို့ ရှိပါတယ်'' ဟု Creative Web Studio မှ ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် Ypay စနစ်ကို AGD ဘဏ်နှင့် အပြည့်အဝချိတ်ဆက်၍ဆောင်ရွက်လျက်ရှိပြီး အခြားဘဏ် များစွာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Ypay အသုံးပြု လိုသူများအနေဖြင့် AGD ဘဏ် Account ရှိရမည်ဖြစ်သည်။

မကြာမီတွင် ဘီလ်ဆောင်ခြင်း ကိစ္စရပ်များအတွက် လူကိုယ်တိုင်သွားရန် မလိုတော့ဘဲ အွန်လိုင်းမှ Ypay ကို အသုံးပြု၍ ငွေပေးချေနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ခြင်းများကိုလည်း ယင်းဖြင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment