၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏
ဝင်ငွေမှာ ၃ ဆအထိတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန
စာရင်းများအရ သိရသည်။
ခရီးသွား
လုပ်ငန်းမှ ၂၀၀၉ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉၆ သန်း ရှိရာမှ ၂၀၁၂
ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းအထိတိုးတက်လာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ တိုးတက် လာရခြင်း မှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်သည့်နိုင်ငံတစ်ခု ဖြစ် လာခြင်းကြောင့် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာန၀န်ကြီး ဦးဌေးအောင် က ပြော ကြား ခဲ့ကြောင်းသိရသည်။
" ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာ တွေနဲ့ သမိုင်းကြောင်းတွေရှိတဲ့အတွက် နိုင်ငံတကာ ဧည့်သည်တွေ လာရောက် ကြတာဖြစ်ပါတယ် ... " ဟု ဦးဌေးအောင်က မြန်မာဧည့် ၀န်ဆောင်မှု နှင့် ခရီးသွားလုပ်ငန်း ကွန်ဖရင့်တွင် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားများက စိတ်ဝင်စားမှု မြင့် တက်လာကြောင်းသိရသည်။ သို့ရာတွင်ခရီးသွားလုပ်ငန်းအတွက် အခက်အခဲမှာ ဟိုတယ်အဆင့် မမီ ခြင်းနှင့် ဟိုတယ်
အခန်းများ မလုံလောက် ခြင်းတို့ ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံတွင် ဟိုတယ် ၇၆၇ လုံး ရှိသော်လည်းအဆင့်မီ ဟိုတယ် ၂၃ လုံးသာ ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ခရီးသည်တစ်သန်း ကျော်ဝင်ရောက်ခဲ့ပြီး လာမည့်
နှစ်တွင်လည်း ခရီးသွားဧည့်သည် ရာခိုင်နှုန်း ၃၀ တိုးတက်မည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရသည်။
The Myawady Daily
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။
ခရီးသွား လုပ်ငန်းမှ ၂၀၀၉ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉၆ သန်း ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းအထိတိုးတက်လာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ တိုးတက် လာရခြင်း မှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်သည့်နိုင်ငံတစ်ခု ဖြစ် လာခြင်းကြောင့် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၀န်ကြီး ဦးဌေးအောင် က ပြော ကြား ခဲ့ကြောင်းသိရသည်။
" ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာ တွေနဲ့ သမိုင်းကြောင်းတွေရှိတဲ့အတွက် နိုင်ငံတကာ ဧည့်သည်တွေ လာရောက် ကြတာဖြစ်ပါတယ် ... " ဟု ဦးဌေးအောင်က မြန်မာဧည့် ၀န်ဆောင်မှု နှင့် ခရီးသွားလုပ်ငန်း ကွန်ဖရင့်တွင် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားများက စိတ်ဝင်စားမှု မြင့် တက်လာကြောင်းသိရသည်။ သို့ရာတွင်ခရီးသွားလုပ်ငန်းအတွက် အခက်အခဲမှာ ဟိုတယ်အဆင့် မမီ ခြင်းနှင့် ဟိုတယ် အခန်းများ မလုံလောက် ခြင်းတို့ ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံတွင် ဟိုတယ် ၇၆၇ လုံး ရှိသော်လည်းအဆင့်မီ ဟိုတယ် ၂၃ လုံးသာ ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ခရီးသည်တစ်သန်း ကျော်ဝင်ရောက်ခဲ့ပြီး လာမည့် နှစ်တွင်လည်း ခရီးသွားဧည့်သည် ရာခိုင်နှုန်း ၃၀ တိုးတက်မည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment