Tuesday, July 31, 2012

ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်း များထွက်ပေါ်











 
ဒုတိယသမ္မတ အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ စီစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဌေးဦးက " ကျွန်တော့အနေနဲ့က သိလည်းပြောခွင့်မရှိပါဘူး ဦးခင်အောင်မြင့်က ပြောခွင့်ရှိပါတယ် ကျွန်တော့်အနေနဲ့ပြောနိုင်တာက သိပ်မကြာခင်မှာ ဒုတိယသမ္မကို ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းနိုင်မှာပါ ကျွန်တော့်အနေနဲ့ကျော်ပြောလို့မကောင်းပါဘူး ၊ သေချာတာက ဒုတိယသမ္မတ အမည်စာရင်း ကျွန်တော်တို့ စီစစ်ရေးကော်မတီကိုမရောက်လာသေးပါဘူး " ဟု ပြောကြားခဲ့သည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည် ကလည်း“ကျွန်တော်တို့သိသလောက်တော့ ဒုသမ္မတစာရင်းကပြောင်းသွားပြီးလောက်ပြီ အခုပြောနေတာတွေကတော့ နောက်တစ်ပတ် တနလာင်္နေ့မှာ အဖြေတစ်ခုသိရမယ်လို့တော့ ကြားပါတယ်” ဟု ပြောကြားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း သည် လက်ရှိတွင် မြန်မာ့တပ်မတော်(ရေ)တွင်ကာကွယ်ရေးဦးစီးချုပ်တာဝန်
ယူထားသူဖြစ်သည်.။
ဓာတ်ပုံ။ ။Messenger(ဒုသမ္မတစိစစ်ရေးအဖွဲ့ဝင်ဦးဌေးဦး)

No comments:

Post a Comment