Tuesday, July 31, 2012

Japan နိပွန်ဖောင်ဒေးရှင်း မြန်မာတိုင်းရင်းသားများကိုကူညီမည်

 
 
 
 
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်ဥက္ကဌ Yohei Sasakawa က မြန်မာနိုင်ငံ က လူနည်းစုတိုင်းရင်းသားတွေရဲ့ လူမှုဘ၀မြင့်မားရေးကို ကူညီပေးမဲ့အကြောင်း ကတိပေးလိုက်ပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအနေနဲ့ မြန်မာအစိုးရကို ယုံကြည်ဖို့ဟာ သိပ်ကိုအရေးကြီးပါတယ်၊ ဒါမှသာ ဒီမိုကရေစီအသီး အပွင့်ကို တိုင်းရင်းသားတွေလည်း ခံစားနိုင်မှာပါလို့ Mr Sasakawa က မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ကျိုဒိုသတင်း ဌာနကို ပြောကြားခဲ့ပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ လောလောဆယ် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ စာသင် ကျောင်းနဲ့ ဆေးခန်းတွေ ဆောက်လုပ်ပေးနေပြိး နောက်ပိုင်းမှာတော့ နယ်စပ်ဒုက္ခသည်တွေအတွက် ရွှေ့ပြောင်းနိုင်တဲ့ mobile ဆေးခန်းတွေကို ဆောက်လုပ်ပေးမဲ့အကြောင်း ကျိုဒိုသတင်းမှာ ရေးသားထားပါတယ်။

No comments:

Post a Comment