Tuesday, July 31, 2012

The Voiceဂျာနယ်ကို အကန့်အသတ်မရှိပိတ်ပင်


| July 31, 2012 |


The Voice သတင်းဂျာနယ်ကို  စည်းကမ်းသတ်မှတ်ချက် များလိုက်နာခြင်း မရှိဟူသော  အကြောင်းပြချက်ဖြင့်  အကန့်အသတ်မရှိ  ထုတ်ဝေ ခွင့်ပိတ်ပင်လိုက်ကြောင်း  စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ယနေ့နံနက် က ခေါ်ယူ အသိပေးခဲ့ကြောင်း The Voice ဂျာနယ်မှ သိရသည်။ “ဇွန်လကတည်းကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့လို့ ပြောတယ်။ ပြည်တွင်းမီဒီယာတွေအားလုံးက တိုင်းပြည်ကို အကျိုးယုတ်အောင်၊ဆူပူအောင်၊နိုင်ငံတော် ပုန်ကန် မှုတွေဖြစ်အောင် The Voice အပါအ၀င် ဘယ်ဂျာနယ်မှမလုပ်ကြပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းဆဲကာလမှာ မီဒီယာက ဒီမိုကရေစီအ သွင်ကူးပြောင်းရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကူးပြောင်းအောင် ၀ိုင်းပြီး ကူညီနေတဲ့လူတွေချည်းပါ။ဒီမိုကရေစီရဲ့သဘောသဘာဝမှာလည်း မီဒီယာလွတ်လပ်ခွင့်ရှိရမှာဘဲလေ”ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့က ထုတ် The Voice Weekly ဂျာနယ်မျက်နှာဖုံးတွင် ပြည်ထောင်စုဝန်ကြီးငါးပါး အပြောင်းအလဲ သတင်းနှင့် မီဒီယာလွတ်လပ်ခွင့် ကာတွန်းကွက်တို့ကို ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း မီဒီယာအသိုင်းအ၀ိုင်က ခန့်မှန်းပြောဆိုနေကြသည်။ The Voice ဂျာနယ်နှင့် အတူအခြား ဂျာနယ် နှစ်စောင်ပါ ထုတ်ဝေခွင့်အပိတ်ခံရသည်ဟု ကြာသိနေရပြီး အတည်ပြု၍မရသေးပေ။ ယခုအကြိမ်သည် The Voice ဂျာနယ်အတွက် ၅ကြိမ်မြောက် ထုတ်ဝေခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။

No comments:

Post a Comment