
The Voice ဂျာနယ်အား စာပေစိစစ်ရေးမှ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက
ယနေ့ ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ပေါ်ပြူလာနယူးစ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။ ““ ပြန်ကြားရေးကခေါ်ပြောတာ။ အကြောင်းပြချက်ကတော့တစ်ခုတည်းမဟုတ်ဘူး။ ဇွန်လထဲကစပြီးစည်းကမ်းဖောက်ဖျက် လို့ဆိုပြီးပြောတယ်။ စည်းကမ်းဖောက်ဖျက်တာ ကျွန်တော်တို့ တစ်စောင်တည်းလည်းမဟုတ်ဘူး။ ရှိသမျှ အနည်းနဲ့အများတော့ စည်းကမ်းဖောက်ဖျက်နေကြတာပဲ”” ဟု ၄င်းကပြောသည်။
ယခုအကန့်အသတ်မရှိ ပိတ်ပင်လိုက်သော The Voice
ဂျာနယ်နှင့်အတူ Envoy ဂျာနယ် ပါ ပါဝင်ကြောင်းသိရသည်။
“““ Envoy ဂျာနယ်ကို ၃၁.၇.၂၀၁၂ နေ့ ၁၁နာရီခွဲအချိန်တွင် အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်းခံရပါတယ်။ မိမိကိုယ်တိုင် CEO ဖြစ်တာဝန်ယူထုတ်ဝေနေသော ဂျာနယ်ဖြစ်သဖြင့် အထူးကြေကွဲဝမ်းနည်းစိတ်မကောင်ြး ဖစ်ရပါတယ်။ ဟု Envoy ဂျာနယ် ထုတ်ဝေသူ ဒါရိုက်တာ စင်ရော်မောင်မောင်ကပြောသည်။
ဂျာနယ်များ အကန့်အသတ်မရှိ ရပ်ဆိုင်းခံရခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မီဒီယာအားလုံးသည် တိုင်းပြည်ပျက်အောင် လုပ်ဆောင်ခြင်း အလျင်းမရှိဘဲ တိုင်းပြည်ကောင်းစားရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေကြောင်း
The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သုံးသပ်ပြောကြားခဲ့သည်။
ယခုအကန့်အသတ်မရှိ ပိတ်ပင်လိုက်သော The Voice
ဂျာနယ်နှင့်အတူ Envoy ဂျာနယ် ပါ ပါဝင်ကြောင်းသိရသည်။
“““ Envoy ဂျာနယ်ကို ၃၁.၇.၂၀၁၂ နေ့ ၁၁နာရီခွဲအချိန်တွင် အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်းခံရပါတယ်။ မိမိကိုယ်တိုင် CEO ဖြစ်တာဝန်ယူထုတ်ဝေနေသော ဂျာနယ်ဖြစ်သဖြင့် အထူးကြေကွဲဝမ်းနည်းစိတ်မကောင်ြး
ဂျာနယ်များ အကန့်အသတ်မရှိ ရပ်ဆိုင်းခံရခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မီဒီယာအားလုံးသည် တိုင်းပြည်ပျက်အောင် လုပ်ဆောင်ခြင်း အလျင်းမရှိဘဲ တိုင်းပြည်ကောင်းစားရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေကြောင်း
The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သုံးသပ်ပြောကြားခဲ့သည်။

No comments:
Post a Comment