Tuesday, July 31, 2012

ကွင်းတားနားမောင်တောရောက်


| July 31, 2012 |
မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူး  ကိုယ်စားလှယ်  မစ္စတာ သောမတ် အိုဟေး  ကွင်တားနားနှင့် အဖွဲ့သည်  ယနေ့နံနက် ၁၀  နာရီ မိနစ် ၃၀ အချိန်က မောင်တောင်မြို့ တောင်ပိုင်းရှိ အလယ် သံကျော် ကျေးရွာသို့ ရဟတ်ယာဉ် သုံးစင်းဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
အလယ်သံကျော်ရွာတွင် ဆွေယောဒူလာ အမည်ရှိသော ဘင်္ဂါလီတစ်ဦးနှင့် တွေ့ဆုံခဲ့ကာ အလယ်သံ ကျော်ရွာရှိ ကယ်ဆယ်ရေးစခန်းသို့ ဆက်လက် သွားရောက် ခဲ့ကြောင်း သိရပါသည်။ အလယ်သံကျော်ရွာ ကယ်ဆယ်ရေး စခန်းတွင် မောရ၀တီရွာမှ တိမ်းရှောင်လာသော ရခိုင်တိုင်းရင်းသားများ ရှိနေပါသည်။
ကွင်တားနားနှင့် အဖွဲ့သည် အလယ်သံကျော်ရွာမှ မောရ၀တီ ရွာသို့ ဆက်လက် သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မောင်တောမြို့သို့ သွားရောက်မည်ဟု သိရပါသည်။

No comments:

Post a Comment