Thursday, August 23, 2012

ခံစားရသူဘက်က တနင့်တပိုးကြီးပါအတွက် ပြန်လည်ဖြေရှင်းချက်

Hot News ဂျာနယ် Vol-3, No- 102, 9-15 Aug 2012 မှာပါတဲ့ “ခံစားရ သူဘက်ကတစ်နင့်တစ်ပိုးကြီးပါ” ဆိုသော သတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးအနေဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ သတင်းနှင့် ပတ်သက်၍ အချို့အချက်အလက်များဖော်ပြမှုမှာမှား ယွင်းနေပါသဖြင့် စာဖတ်သူအများသိရှိ နိုင်ရန်တင်ပြလိုပါသည်။

ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ ၀န်းကျင်တွင် ထိုလူနာ အသက် (၈၈)နှစ် အား ဆီးကျိတ်ခြစ်ကု သမှု(TURP) ကို ခါးမှ ထုံဆေးထိုး၍ ပြုလုပ်ခဲ့ပါသည်။ ခွဲစိတ် ကုသရာတွင် နှလုံး၊ အဆုတ်၊ ဗိုက် စသောကျန်းမာရေး အခြေအနေများကို မေ့ဆေးဆရာဝန်ကြီး ၏ စစ်ဆေးချက်အရကောင်းမွန်၍ ခွဲစိတ် ကုခဲ့ခြင်းဖြစ်ပါသည်။
ခွဲခန်းအတွင်း၌ စုစုပေါင်းအချိန် ၁ နာရီ ၁၅ မိနစ် ခန့်ကြာမြင့်ခဲ့ပါသည်။ လူနာအားခွဲစိတ်ပြီး နေ့လည် ၂ နာရီခန့် တွင် ခွဲခန်းမှI.C.Uသို့ပို့ခဲ့ပါသည်။ လူနာ ကို ခွဲအပြီးအခြားလူနာများကိုခွဲစိတ်ပြီး နောက် ခွဲခန်းမှထွက်ထွက်ချင်း ညနေ ၄ နာရီခန့်တွင်I.C.Uသို့ဝင်၍ ထိုလူနာအား စစ်ဆေးပြီးInput,Output အကြောင်းကို လည်း ရှင်းပြခဲ့ပါသည်။ Output နဲ့နေခြင်း မှာ အပြင်သို့အရည်များ ထွက်ကျနေသော ကြောင့်ဖြစ်ကြောင်းနှင့် ဗိုက်မတင်းလာ လျှင်၊ ဗိုက်နှင့် ပတ်သက်ပြီး အစာအိမ်မှ အလုပ်လုပ်ကြောင်း အသံကြားနေရလျှင် လူနာနှင့် ဆက်ထားသော Monitor တွင် လည်း ပုံမှန်ပြနေလျှင်၊ ပြဿနာမရှိကြောင်း ပြောကြားခဲ့ပါသည်။
လူနာမှာ ထိုအချိန်တွင်ပင် စကား ပြောနေနိုင်ပြီဖြစ်၍ ယခုပင် အရည် သောက်နိုင်ပြီး၊ မနက်ဖြန်တွင် အစာနည်း နည်းစားနိုင်ကြောင်း ပြောခဲ့ပါသည်။ ထို့နေ့ညနေတွင် အန်ခြင်းမှာ ခွဲထားသော လူနာမှာ ထုံဆေးနှင့် အခြားဆေးများ ပေးထား၍သော်လည်းကောင်း၊ အစာမရှိ ၍သော်လည်းကောင်း အန်တတ်ကြောင်း ရှင်းပြခဲ့ပြီး ၎င်းအတွက်လည်းဆေးကို ညွှန်ကြားခဲ့ပါသည်။
ခွဲစိတ်ပြီး နောက်တစ်နေ့ဖြစ်သော ဇူလိုင်လ (၂၂) ရက်နေ့ မနက် (၉း၀၀) နာရီ ၀န်းကျင်တွင် ဒုတိယအကြိမ် သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
လူနာမှာ မနက်စာကော်ဖီနှင့်မုန့် စားသောက်ထားပြီးကြောင်း သိရ၍ အားပေးသောအနေဖြင့်ဘေးတွင် ခိုင်ခိုင် ကျော်ထမင်းဆိုင်နှင့် ရှမ်းဆိုင်ရှိကြောင်း ပြုံး၍ အားပေးစကားပြောကြားခဲ့ပါသည်။
ထိုအချိန်စစ်ဆေးစဉ်ဆီးအိမ်အတွင်း လှည့်ထားသော Inlet Clean Water ပိုက် ကို လူနာ၏ခွဲထားသော အခြေအနေ ကောင်းမွန်သောကြောင့် ကိုယ်တိုင်ရပ်ပေး ခဲ့ပြီး မိမိ၏နှုတ်မှလည်းIrrigationကို ရပ်ရန်မှာကြား ခဲ့ပါသည်။
သို့သော်လူနာ၏ အသက်ရှူပုံကို မကြိုက်၍ မိမိနောက်တစ်ခေါက်ပြန်လာ ကြည့်ရှုပြီးမှI.C.U မှ ရိုးရိုးအခန်းသို့ပြောင်း ပေးမည်ဟုမှာကြားခဲ့ပါသည်။ ထို့နေ့ နေ့လယ် (၂း၃၀)နာရီခန့်တွင် ဆေးရုံမှ ဖုန်းဆက်လာပြီး လူနာအားI.C.U ထဲမှ သာမန်လူနာခန်းထဲသို့ပို့ပေးလိုက်ကြောင်း ဆေးရုံမှတာဝန်ကျ M.O မှ ဆက်သွယ် အကြောင်းကြားလာခဲ့ပါသည်။ မိမိနောက် တစ်ကြိမ်လာမှ I.C.U ထဲမှထုတ်ရန် ပြောကြားထားတာဘဲဟုပြောရာ၊ လူနာ ရှင်မှ I.C.U ထဲမှ ထွက်ခွင့်တောင်း၍ ထုတ်ပေးပါ သည်ဟုပြန်ပြောပါသည်။
ကျွန်တော်သည် လူနာမှာ ကောင်းမွန် ၍အပြင်ထွက်ခွင့်တောင်းသောကြောင့် ထုတ်ပေးလိုက်သည်ထင်၍ စိတ်အေးလိုက် ပါသည်။
ကွယ်လွန်ပြီးနောက် ၎င်းဆေးရုံတွင် ဆေးရုံမှ ဒါရိုက်တာ၊ ဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်၊ မိမိ၊ လူနာရှင် ၏ သမီးနှင့် သူ၏မောင်ဆိုသူတို့နှင့် တွေ့ ဆုံဆွေးနွေးကြရာ လူနာရှင်၏ သမီးကိုယ် တိုင်နှုတ်မှ ခြင်ကိုက်၍မနေနိုင်သဖြင့် I.C.U ထဲမှ သာမန်လူနာခန်းထဲပြောင်း ရွှေ့လိုကြောင်းပြောကြား ခဲ့ပါသည်။
၎င်းနောက် ထိုနေ့ ၂၂ ရက်နေ့ နေ့လည်နောက်ပိုင်းမှစ၍ ၂၃ ရက်နေ့ မနက် (၁၀း၀၀) နာရီဝန်းကျင် အထိဆေး ရုံမှ လုံးဝဆက်သွယ်အကြောင်းကြားလာ ခဲ့ခြင်းမရှိပါ။
ဇူလိုင်လ (၂၃) ရက် မနက် ၁၀း၃၀ တွင် ဆေးရုံမှတာဝန်ကျ M.Oမှ ဖုန်းဖြင့် ဆက်သွယ်လာပြီး ထိုလူနာမှာ အသက် ရှူကြပ်နေသောကြောင့် ဆရာကြီးကို ဖုန်းဆက်မရ၍ ပါမောက္ခသမားတော်ကြီး တစ်ဦးကို ကိုခေါ်ပြပြီးI.C.U ထဲသို့ပြန်ပို့ ထားပြီးဖြစ်ကြောင်းအကြောင်းကြားလာ ပါသည်။
မှတ်ချက်- ဖုန်းဆက်၍မရသည်ဆိုခြင်း မှာ ဆေးရုံဖုန်းမှတ်တမ်းအရ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ၈း၂၂ မှ ၉း၄၅ (၁ နာရီ ကျော်) အတွင်း၌သာ ခေါ်ဆို၍မရရှိခဲ့ ကြောင်း သိရှိရပါသည်။
ထိုသမားတော်ကြီးကြည့်ပြီးI.C.U ထဲသို့ ပြန်သွင်းထားကြောင်း သိရ၍ ကျွန်တော်လည်း လာကြည့်မည်ဖြစ်ကြောင်း ဖုန်းဖြင့်ပြောကြားခဲ့ပြီး နေ့လည် (၁း၀၀) ခန့်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
လူနာမှာ ချွဲကြပ်ပြီး။ အသက်ရှူမမှန် ကြောင်း တွေ့ရပြီးI.C.U ထဲမှာဖြစ်၍ မိမိ ကိုယ်တိုင်ချွဲစုပ်ပေးရန် ချွဲစုပ်စက်မေး သောအခါ စုပ်ထားပြီးဖြစ်ကြောင်းပြော၍ ထပ်မစုပ်ပေးခဲ့ရပါ။ ရင်ခေါင်းထဲတွင်ချွဲ များခဲမနေစေရန်Position ကို နည်းနည်း စီပြောင်းရွှေ့ပေးရန်ကိုလည်းမှာကြားခဲ့ပါ သည်။ အဆုတ်အအေးမိထားကြောင်း ဓာတ်မှန်ဆရာဝန်ကြီး၏မှတ်ချက်နှင့် တကွတွေ့ရှိခဲ့ပါသည်။
ထိုရောဂါအတွက် သမားတော်ကြီး မှ မည်သည့်ဆေးများပေးထားသည်ကို တောင်းကြည့်ရာ Antibiotic ပိုးသတ်ဆေး ကောင်းများနှင့်တကွ လိုအပ်သောဆေး များကိုပေးထားကြောင်း သိရှိရပါသည်။
တစ်ချိန်တည်းမှာပင် ဆီးအိမ်ကို ဆေးကျောရာ ဆီးအိမ်၏ အခြေအနေ မှာ ကောင်းမွန်ပြီးသွေး ထွက်ခြင်း၊ သွေး ခဲနေခြင်းများကိုမတွေ့ရှိရပါ။
ထို့ကြောင့်ခွဲစိတ်ထားသောရောဂါ အနေဖြင့် ကောင်းမွန်ကြောင်းပြောပြခဲ့ ပါသည်။
နေ့လယ် (၃း၀၀) နာရီခန့်တွင် အခြားလူနာများကြည့်ရှုနေစဉ်လူနာရှင် ၏ သမီးမှ သူမ၏အဖေအခြေအေ နကို လိုက်ကြည့်ပေးရန် ကိုယ်တိုင်လာရောက် ခေါ်ဆိုသဖြင့် စစ်ဆေးနေသောလူနာများ ကိုထားခဲ့ပြီး ချက်ချင်းလိုက်သွား၍ ထို လူနာအားသွားရောက်ကြည့်ရှုရာစောစော က တွေ့ရှိရသည့်အတိုင်းဆီးအိမ် အပိုင်းမှ ကောင်းကောင်းအလုပ်လုပ်နေပြီးအသက် ရှူကြပ်သည့်ဝေဒနာခံစားနေရကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ထိုသမားတော်ကြီးမှ ဆက်လက်ကြည့်ပေးမည်ဖြစ်၍ ကျွန်တော် မှလည်း ဆက်လက်ကြည့်ရှုပေး မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။
ထိုနေ့ ညနေ (၅း၀၀) နာရီခန့် အထိ ထိုဆေးရုံတွင်ရှိပြီး ပြန်လာခဲ့ပါသည်။
လူနာသည် ဇူလိုင်လ (၂၃) ရက်နေ့ တနင်္လာနေ့ ညနေပိုင်း ၆း၄၅ တွင် ဆီး ကျိတ်ရောဂါကြောင့်မဟုတ်ဘဲ၊ အခြား အဆုတ်အအေးမိရောဂါဖြင့် ဆုံးပါးသွား ရသည့်အတွက်များစွာ စိတ်မကောင်းဖြစ် ခဲ့ရပါသည်။
ကျွန်တော်သည် ယခု အသက်အရွယ် အချိန်အထိ အလုပ်လုပ်နေခြင်းမှာလည်း နိုင်ငံတော်မှ သင်ကြားပေးထားသော ပညာဖြင့် မိမိလုပ်နိုင်စွမ်းသမျှ လုပ်မည် ဟူသောခံယူချက်ဖြင့် ရဟန်းရှင်၊ လူ၊ ပြည်သူအများရောဂါဝေဒနာသက်သာပါ စေခြင်း အကျိုးငှာစိတ်ကောင်း၊ စေတနာ ကောင်းဖြင့် ကုသပေးနေသည်ကို ကျွန်တော်၏ကုသမှုခံယူရရှိခဲ့ကြသော ပုဂ်္ဂိုလ်များ အသိပင်ဖြစ်ပါသည်။

No comments:

Post a Comment