Thursday, August 23, 2012

နယူးယောက်ခ် ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ပြုချီးမြှင့်ခံရတော့မည့် နီကိုးလ်ကစ်မင်း(န်)

ဟောလီးဝုဒ် မင်းသမီးချော နီကိုးလ်ကစ်မင်း(န်)သည် မကြာမီကျင်း ပမည့် နယူးယောက်ခ် ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ပြုချီးမြှင့် ခံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းအား ရုပ်ရှင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် လင်ကွန်း စင်တာက သြဂုတ် ၂၁ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အကြိမ်(၅ဝ)မြောက်အဖြစ် ကျင်းပသည့် နယူးယောက်ခ် ရုပ်ရှင်ပွဲတော်၌ နီကိုးလ်ကစ်မင်း(န်) အပြင် ဒါရိုက်တာ ရစ်ချတ်ထ်ပီနာ ကိုလည်း ဂုဏ်ပြုချီးမြှင့် သွားမည်ဟု သိရသည်။
၎င်းရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ လီဒန်နီရယ်လ် ရိုက်ကူးထားပြီး နီကိုးလ်ကစ်မင်း(န်)၊ ဇက်အက်ဖရွန်၊ ဂျွန်ကူစက်ခ်နှင့် မက်သရူးအမ်စီကို နော့ဟေးတို့ပါဝင် သရုပ်ဆောင်ထားသည့် ''The Paperboy" ရုပ်ရှင်ကို ပြသသွားမည် ဖြစ်သည်။
နယူးယောက်ခ် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး နီကိုးလ်ကစ်မင်း(န်)အား အောက်တိုဘာ ၃ ရက်တွင် ဂုဏ်ပြုချီးမြှင့်သွားမည်ဟု သိရသည်။

No comments:

Post a Comment