Thursday, August 23, 2012

“ထိုင်းဝန်ကြီးချုပ် ယင်းလတ် မြန်မာသို့ ထပ်မံလာရောက်ရန် စီစဉ်နေ”

ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေမှု များအား တွန်းအားပေးသည့် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် နောက်လ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Surapong Tohvichakchaikul က ယနေ့ပြော သည်။
ထိုင်းဝန်ကြီးချုပ်၏ နှစ်ရက်တာ မြန်မာခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံသွားမည်ဟု ထိုင်းနိုင်ငံ The Nation သတင်းစာက ရေးသားဖော်ပြထားသည်။ သမ္မတကြီးနှင့် တွေ့ဆုံရန် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ထားဝယ်ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Laem Chabang ရေနက်ဆိပ်ကမ်း ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေးတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို အဓိကထား ဆွေးနွေးမည် ဟုဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ပြုပြင်ပြောင်းလဲရေး ကာလ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု၏ အရေးပါမှုကို ဖော်ပြရာရောက်သည်ဟု The Nation သတင်းစာက ရေးသားဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် အလည်အပတ်လာရောက်ခဲ့သည်။

No comments:

Post a Comment