Thursday, August 23, 2012

၂၀၁၅ တွင်လမ်းများ အားလုံး ၂၄ ပေကတ္တရာလမ်းများ အဖြစ် ခင်းမည်


Thursday 23rd August 2012

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးတင်ရဲ့ ပြောကြားချက် အရ လာမယ့် ၂၀၁၅ ရောက်ရင် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ စီမံခန့်ခွဲတဲ့လမ်းများ အားလုံးကို ၂၄ ပေ အကျယ်ရှိ
ကတ္တရာ လမ်းအဖြစ် ခင်းကျင်း သွားဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ၂၄ ပေအကျယ်ရှိ ကတ္တရာ လမ်းများ အဖြစ် ခင်းကျင်း သွားမယ့် လမ်းတွေပေါ်ရှိတဲ့ တံတားတွေ အားလုံး ကိုလည်း ကွန်ကရစ် တံတားများ အဖြစ် တည်ဆောက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းများ၊ တံတားများကို ပြုပြင် တည်ဆောက် သွားဖို့ ကိုလည်း BOT ကုမ္ပဏီများနဲ့ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြုလုပ် ဆောင်ရွက် သွားမယ့် ဆောက်လုပ်ရေးပိုင်း လမ်းများဟာ မိုင်ပေါင်း နှစ်သောင်း လေးထောင် ရှိတယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီး ဌာန၊ ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ အဆိုပါ ၀န်ကြီး ဌာနမှ စီမံခန့်ခွဲတဲ့ မိုင်ပေါင်း နှစ်သောင်း လေးထောင် အားလုံးကို ပြုပြင် ခင်းကျင်းမှုတွေ မပြုလုပ်နိုင် တောင်မှ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံတွေကို ဆက်သွယ် ထားတဲ့ လမ်းပိုင်းတွေ ကိုတော့ အဆိုပါ ပြုပြင် ခင်းကျင်း တည်ဆောက်မှု တွေကို ဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

Post a Comment