ပွင့်လင်းရာသီတွင်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နယ်စပ်တွင် ကုန်သွယ်ရေးဂိတ်များ ထပ်မံ
ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ နယ်စပ်ဂိတ်သစ် ဖွင့်ရန် ဒေသများရှိ လမ်းပိုင်းများကို ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ၊ ဖွင့်လှစ် ရန် ရွေးချယ်ထားသော နေရာများမှာ မောတောင် (မြိတ် ၊ တနင်္သာရီ) ၊ ထီးခီး (ထားဝယ်ရေနက်ဆိပ် ကမ်း) နှင့် မယ်ဟောင်ဆောင် (မယ်စဲ့စခန်း)တို့ ဖြစ်ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးစခန်းများ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဌာန FDA မှ အစားအသောက်နှင့် ကုန်စည် စစ်ဆေးရေး စခန်ျးား ဖွင့်ကာ စစ်ဆေးနိုင်မည် ဖြစ်ပြီး ထပ်မံ တိုးချဲ့သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment