နာဆာမှ သိပံ္ပပညာရှင် များသည် အင်္ဂါဂြိုဟ် စောင့်ကြည့် လေ့လာရေး ယာဉ်မှ ပေးပို့သည့် အချက်အလက်များ အရ အင်္ဂါဂြိုဟ် ပေါ်တွင်
ကာဗွန်ဒိုင်
အောက်ဆိုက် ဆီးနှင်းများ ကျလာခဲ့ကြောင်း သက်သေ အထောက်အထား များတွေ့
ရှိခဲ့သည်ဟု နာဆာမှ စက်တင်ဘာ ၁၂ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။အဆိုပါ ကာဗွန်ဒိုင် အောက်ဆိုက် ဆီးနှင်းများ ဖြစ်ပေါ်ရန်အတွက် အပူချိန် အမှတ် (၁၉၃) ဒီဂရီ ဖာရင်ဟိုက် (-၁၂၅ ဆဲဆီးယက်စ်) လိုအပ်ကြောင်း သိရသည်။ ယင်းတွေ့ရှိမှုကို ဘူမိရူပ ဆိုင်ရာ သုတေသန ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း နာဆာက ပြောကြား ခဲ့သည်။
ထို့အပြင် အင်္ဂါဂြိုဟ်ရှိ တိမ်တိုက် များသည် ကာဗွန်ဒိုင် အောက်ဆိုက်များဖြင့် ဖွဲ့စည်း ထားကြောင်းနှင့် ဆီးနှင်း ဖြစ်ပေါ်ရန် အတွက် ထူထဲမှုအလုံ အလောက်ရှိကြောင်း နာဆာမှ သိပံ္ပပညာ ရှင်များက ပြောကြားခဲ့သည်။
From: Myawady

No comments:
Post a Comment