
Sopho's Naked Security ကုမ္ပဏီ၏ သတိပေးချက်အရ Facebook မှပေးပို့သော အီးမေးလ် အတုအယောင် ဖန်တီး ပေးပို့မှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံတစ်ပုံကို အယ်လ်ဘမ်တွင် ထည့်သွင်းလိုက်ကြောင်း ရေးသားထားပြီး အဆိုပါ ဓာတ်ပုံအား ကြည့်ရှုရန် "View photo with you in the attachment " ဟူသည့် tab တစ်ခု ပါရှိမည် ဖြစ်သည်။
သို့သော် အဆိုပါ attachment တွင် အမှန်တကယ်အားဖြင့် ကွန်ပျူတာစနစ်အား တိုက်ခိုက်နိုင်သည့် Trojan Horse Virus အမျိုးအစား ပါဝင်လာပြီး မိမိ၏ ကွန်ပျူတာသို့ ကူးစက် ၀င်ရောက်သွားနိုင်ကြောင်း Naked Security က သတိပေးထားသည်။
Facebook မှ ပေးပို့သော အီးမေးလ် အတုအယောင် ပုံစံတွင် အောက်ဖော်ပြပါ စာသားများ ပါဝင်ပြီး ပုံတွင် ဖော်ပြထားပါသည်။
Greetings,
One of Your Friends added a new photo with you to the album.
yor are receiving this email because you've been listed as a close friend.
[ View photo with you in the attachment ]
No comments:
Post a Comment