မန္တလေးတိုင်း
ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့ နယ်တွေက၃၃၄၄ ကွက်ကို လာမယ့်
၁၆ ရက်နေ့မှာ အပြီးပြောင်းရွှေ့ပေးဖို့ မန္တလေးမြို့ တော်ဝန်က ခေါ်ယူ
သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒေသခံတွေဝယ်ယူထားတဲ့ မြေကွက်ပေါင်း ၃၃၄၄ ကွက်ကို မြို့တော်ဝန် နဲ့ မြို့ တ်ာစည် ပင်သာရေး အဖွဲ့တွေက ဖယ်ရှားခိုင်းခဲ့တယ်လို့ မန္တလေးမြို့ ခံဦးကိုလေးက ပြောပါတယ်။
“မဖယ်ရှားရင် လူအင်အား၊ စက်အင်အားနဲ့ ဝင်ထိုးပြီး ဖျက်ဆီးပစ်မယ်ဆိုတဲ့ ပုံစံမျိုး။ ၁၆ ရက်နေ့မှာ အားလုံး မိမိစရိတ်နဲ့ မိမိဘာသာ အပြီးဖယ်ပေးဖို့။ စည်ပင်သာယာရေး ကော်မတီကေန သူတို့ပိုင် ဆိုင်ကြောင်းေ ကြညာ တယ်။ တကယ်တမ်းဆိုရင် စီးပွားရေးလုပ်ငန်းရှင်နဲ့ စည်ပင်သာယာအဖွဲ့အစည်း ပေါင်းပြီး ပြည်သူလူထုကို နှိပ်စက်တဲ့ ပွဲတပွဲ၊ မောင်းထုတ်တဲ့ ပွဲတပွဲလို ဖြစ်နေတဲ့အတွက် စိတ်မေကာင်းစရာ ဖြစ်ရတယ်။ ”
ပြောင်းရွှေ့ရမယ့်အိမ်မြေတွကေတာ့ ချမ်းမြသာစည်မြို့နယ်က အောင်သာယာ၊ ကန်သာယာ ရပ်ကွက်၊ ပြည်ကြီး တံခွန်မြို့ နယ်က ကန်ကြီးကုန်၊ ဇီးအုပ် ရပ်ကွက်တွေနဲ့ အမရပူရြမို့နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်း ရပ် ကွက်တွေက မြေကွက်ပေါင်း ၃၃၄၄ ကွက်ဖြစ်ပါတယ်။
နဂိုကတည်းက ဒီမြေကွက်အေရာင်းအဝယ်မှာ တရားဝင်ဖြစ်မှုအတွက် မြေဂရမ်တွေ ပါဝင်ခြင်း မရှိဘဲ စွန့်စားပြီး ဝယ်ယူကြတာ ဖြစ်တယ် လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
ကနဦးပိုင်းက မြို့ ပြင်မှာ ဖြစ်ပေမယ့် နောက်ပိုင်းမြို့တွေ ချဲ့ထွင်လာတဲ့အခါ မြေနရာတွေ ဈေးကောင်း လာပြီး အခုလို ဖယ်ခိုင်းလာတာဖြစ်တဲ့အကြောင်းနဲ့ ဩဂုတ်လတုန်းကလည်း ဒီနေရာတွေကေန ဖယ်ပေးဖို့ သတင်းစာတွေကေန သတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့အရှေ့ဖျားမှ မြို့ ကွက်သစ်အိမ်မြေ
အကွက် အကွင်းတစ်ခုကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
ဓာတ်ပုံ - ဖြိုးဝေကျော်
ဒီမြေနရာတွေကို
တပ်မေတ်ာအစိုးရလက်ထက် ၁၉၉၄ ခုနှစ်ကတည်းက လယ်သမားတွေဆီကေန သိမ်းယူခဲ့ပါတယ်။
အဲဒီအချိန်က လျော်ကြေးတစုံ တရာ မေပးဘဲ သိမ်းခဲ့ပေမယ့် မေန့ကလုပ်တဲ့
အစည်းအေဝးမှာ တောင်သူတွေကို လျော်ကြေးပေးပြီး သိမ်းခဲ့တယ်လို့ ပြောဆိုတာဟာ
မမှန်ကန်ကြောင်း လည်း တောင်သူကြီးဖြစ်ခဲ့တဲ့ ဦးကျော်ညွန့်က ပြောပါတယ်။
“မေန့က မြို့ တော်ဝန်ကြီး ပြောခဲ့တဲ့ စကားက တောင်သူတွေကို တဧကကို ၄၀ဝ၀ နှုန်းပေးတယ်။ ၃ ဧကအထက်ကို မြေနှစ်ကွက် သုံးကွက်ပေးတယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ မမှန်မကန်ပြောတာပါ။ တောင်သူတွေ မရပါဘူး။ မရတာကို အြေခခံပြီး တောင်သူတွေက အကွက်တွေ ရိုက်ပြီး ရောင်းပါတယ်။

ရောင်းပြီးနေတဲ့သူတွေကို
သူတို့ အဓမ္မ ဖယ်ရှားမယ်လို့ သူတို့ လုပ်ပါတယ်။ ဒါကို နေထိုင်တဲ့
ပုဂ္ဂိုလ်တွေကလည်း အစိုးရဝန်ထမ်းတွေ အများကြီးပါပါတယ်။ ရပ်ကွက်ထဲမှာ သိန်း
၅၀ဝ၊ ၁၀ဝ၀ ဖြစ်တော့ မဝယ်နိုင်တော့ ဒီဘက်မှာ ဝယ်နေကြတာပါဗျ။”
အဆိုပါမြေနရာကို ဝယ်ယူတဲ့သူအများစုဟာ ဝန်ထမ်းဟောင်းတွေနဲ့ မရှိဆင်းရဲသားတွေ များပြီး မြို့ တွင်းမြေနေ ရာတွေ ဈေးကြီးတဲ့အတွက် မြို့ စွန်တွေမှာ ဝယ်ယူနေထိုင်ကြရတာ ဖြစ်ပါတယ်။
လာမယ့် ၁၆ ရက်နေ့ အြပီးမြေပာင်းပေးရင် ဝင်ရောက် ဖျက်ဆီးမယ် ဆိုတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြ ရတယ်လို့လည်း ဦးကျော်ညွန့်က ပြောပါတယ်။

From: DVB
No comments:
Post a Comment