Thursday, September 13, 2012

ကမာရွတ်ဗုံး ကွဲမှုဖြင့် ဆက်စပ် သူများ ထောင်ဒဏ် ချမှတ်ခံရ





ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်ကအများသုံး သန့်စင်ခန်းအတွင်း ပြီးခဲ့တဲ့နှစ်က ဗုံးပေါက်ကွဲမှုနဲ့  ဆက်စပ်ဖမ်းဆီးထားတဲ့ စိုင်းတင်မင်းကိုနဲ့စိုင်းတင်မင်းထွန်းညီအစ်ကို ၂ ဦးကို  ရန်ကုန် အေရှ့ပိုင်း ခရိုင်တရားရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ်စီရင်လိုက်ပါတယ်။

ညီဖြစ်သူ စိုင်းတင်မင်းထွန်းကို ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ အစ်ကိုဖြစ်သူ စိုင်းတင်မင်းကို ကို ဖောက်ခွဲ အားပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလို့သူတို့ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဒေါ်ရှုက ပြောပါတယ်။

“ညီလေးက မနှစ်က ဟိုဘက် (ထိုင်း) ကေန ဒီဘက်ကို လာတည်းတယ်၊ အစ်ကိုအိမ်ကို လာတည်း တာ ဖောက်ခွဲဖို့ လာတာ၊


                                               ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အများသုံး
                                                သန့်စင်ခန်းမှာ ဗုံးပေါက်ကွဲခဲ့စဉ်က

အစ်ကိုက မလုပ်နဲ့ လူတွေဒုက္ခေရာက်မယ်ဆိုပြီး ဗုံးကို အစဖျောက်မယ်ဆိုပြီး ချောင်းထဲသွား ပစ်ပြီး ပြန်လာတော့ အဖမ်းခံရတာ၊ စိုင်းတင်မင်းကိုအရင်အဖမ်းခံရတယ်။

”ပြီးခဲ့တဲ့ ၂၀၁၁ ခု ဒီဇင်ဘာ ၂၁ ရက်နေ့က ကမာရွတ်မြို့ နယ် အများသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှုမှာ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီးစစ်ဆေး ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အစ်ကိုဖြစ်တဲ့ စိုင်းတင်မင်းကို ကို မြောက်ဥက္ကလာပြမို့နယ်က နေအိမ်မှာ ဖမ်းဆီးပြီးညီဖြစ်သူ စိုင်းတင်မင်း ထွန်းကိုတော့ သာယာဝတီမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီဗုံးကွဲမှုကို တိုက်ရိုက် ကျူးလွန်ခြင်းရှိ၊ မရှိနဲ့ ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကိုတော့ တိတိကျကျမသိရေသးပါဘူး။

စိုင်းတင်မင်းထွန်းဟာ ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာပြည်တွင်း မှာ ဖောက်ခွဲရေး လုပ်ဆောင်ဖို့ ပြန်သွားတဲ့ အကြောင်း ရဲစစ်ချက်မှာထွက်ဆိုခဲ့တယ် လို့ သိရပါတယ်။


 From: DVB

No comments:

Post a Comment