Tuesday, September 25, 2012

မြောက်ကိုရီးယားက တရုတ်နိုင်ငံသို့ ရွှေများတင်ပို့ရောင်းချခဲ့

မြောက်ကိုရီးယားက တရုတ်နိုင်ငံသို့ ရွှေများတင်ပို့ရောင်းချခဲ့
မြောက်ကိုရီးယား နိုင်ငံသည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက တရုတ်နိုင်ငံ သို့ ရွှေ(၂)တန်ထက်မနည်း တင်ပို့ ရောင်းချခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် သီးခြားအဆန်ဆုံး ရပ်တည်နေသည့် နိုင်ငံတစ်ခုဖြစ်ေ သာ မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်ရေးမဟာမိတ် နိုင်ငံထံသို့ ရွှေများ ယခုလို ရောင်းချခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး အပိုဆောင်း သိုမှီးမှုအဖြစ် ထားရှိသော ရွှေများကို ရောင်းချရမှုအတွက် ဒေါ်လာ သန်း(၁၀၀)မျှ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
Room 39ဟု အမည်ပေးထားသော အေဂျင်စီ တစ်ခုကအ ဆိုပါ ရွှေ များ ရောင်းချမှုကို တာဝန်ယူ လုပ်ဆောင်ပေးခဲ့ပြီး ယင်းအေဂျင်စီ သည် မြောက်ကိုရီးယား အဓိပတိ ကင်ဂျုံအန်း၏ ဘဏ္ဍာရေးကို ကြပ်မတ်ပေးသော လုပ်ငန်း လည်း ဖြစ်သည်။ မြောက်ကိုရီးယားမှ အမည်ဖော်မပြသည့် သတင်းရင်းမြစ် တစ်ခုက ကင်မ်အာဏာရ လာပြီးနောက် ဒီဇင်ဘာလ ကတည်းက ယင်းကဲ့သို့ ရွှေများ ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းရွှေများတွင် နိုင်ငံ၏ အပိုဆောင်း သိုလှောင်မှုအပြင် ပြည်သူများထံမှ ပြန်လည် ဝယ်ယူထားသည့် ရွှေများနှင့် လက်ရှိ ထုတ်လုပ်နေသည့် ရွှေများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် (၂၀၁၀)ပြည့်နှစ်က ချီအိုနန်ကျွန်း ပြဿနာ နောက် ပိုင်း တောင်ကိုရီးယား ဘက်မှ ထောက်ပံ့ မှုများ ရပ်ဆိုင်းလိုက်သည့်နောက် ဘဏ္ဍာရေး အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သတင်းများက ခန့်မှန်း ဖော်ပြနေသည်။ မြောက်ကိုရီးယားသည် တစ်နှစ်လျှင် ပျမ်းမျှ ရွှေ(၂)တန်မျှ ထုတ်လုပ်နိုင်ပြီး ပြုံဂန်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ရွှေမိုင်းများမှ အဓိက ထုတ်လုပ်ကြောင်း သိရှိရသည်။

From- Planet

No comments:

Post a Comment