Tuesday, September 25, 2012

အမေရိကန် General Elecric ကုမ္ပဏီက မြန်မာ့လေကြောင်းသို့ ဂျက်လေယာဉ်နှစ်စင်းရောင်းချမည်

အမေရိကန်စက်မှုလုပ်ငန်း ကုမ္ပဏီကြီး General Elecric (GE) သည် မြန်မာ့ လေကြောင်းအတွက် Embrear (EMBR3.SA) E190 အမျိုးအစား ဂျက်လေယာဉ်နှစ်စင်းကို  ရောင်းချပေးသွားရန် စာချုပ်ချုပ် ဆိုခဲ့သည်။ကုမ္ပဏီ၏အဆိုအရ ယင်းဂျက်လေယာဉ်နှစ်စင်းကို လာမည့်နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ တင်ပို့မည်ဟုသိရပြီး ဈေးနှုန်း ကိုမူ ဖော်ပြ ထားခြင်း မရှိပေ။

GE ကုမ္ပဏီသည် အမေရိကန်က မြန်မာနိုင်ငံအား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့မှုများဖြေလျှော့ပေးအပြီး ပြည်တွင်း၌ လုပ်ငန်း များလုပ်ကိုင်ရန် ပထမဆုံးစတင်ခဲ့သော ကုမ္ပဏီဖြစ်သည်။

GE သည် ပြီးခဲ့သည့်ဇူလိုင်လက မြန်မာကုမ္ပဏီတစ်ခုမှတစ်ဆင့် ပြည်တွင်းရှိ ဆေးရုံ  နှစ်ခုသို့ X-Ray ဓာတ်မှန်စက်များပေးသွင်းရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ကွန်နက်တီကပ်ပြည်နယ်အခြေစိုက် ယင်းကုမ္ပဏီသည် အမေရိကန် ဥပဒေကခွင့်ပြုသည်နှင့် မြန်မာနိုင်ငံတွင်း၌ ရုံးခွဲတစ်ခုဖွင့်လှစ်ထားရှိရန် ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံတွင် အခြားအမေရိကန်ကုမ္ပဏီများဖြစ်သော ကိုကာကိုလာနှင့် ပက်ပ်စီတို့ သည်လည်း ၄င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်း၌ ရောင်းချသွားရန် ပြီးခဲ့ သည့်နှစ်လကပင် သဘောစာချုပ်များ ချုပ်ဆိုခဲ့ပြီး စတင်ရောင်း ချနေကြပြီဖြစ်သည်။


From- 7Day News

No comments:

Post a Comment