Tuesday, September 25, 2012

GE ဂျက်လေယာဉ် ၂ စီး မြန်မာနိုင်ငံ ရောက်မည်

  အမေရိကန် GE ကုမ္ပဏီက ထုတ်လုပ်တဲ့ Embraer E190s ဂျက်လေယာဉ် ၂ စီး မြန်မာနိုင်ငံကို   ရောက်လာ ပါမယ်တဲ့။ 

လာမယ့် နိုဝင်ဘာလ ဒီဇင်ဘာလ လောက်မှာ အဆိုပါ ဂျက်လေ ယာဉ်များ ရောက်လာမှာဖြစ်တယ်လို့ airwise.com သတင်းတပုဒ်က ဆိုပါတယ်။အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ်စီးပွားရေး ဒဏ်ခတ်မှု လျော့ပေါ့ပေးလိုက်တဲ့ နောက်မှာ အမေရိကန် ကုမ္မဏီကြီးတခုဖြစ်တဲ့ GE လေကြောင်း ကုမ္မဏီမှ မြန်မာနိုင်ငံမှာ ရင်နှီးမြုတ်နှံမှု ကို စတင်ဆောင် ရွက်ခဲ့ပါတယ်။ 

GE ကုမ္မဏီရဲ့ ထုတ်လုပ်တဲ့ Embraer E190s ဂျက် အမျိုးအစားကို မြန်မာ့လေကြောင်းလိုင်း အတွက်ရောင်း ချခဲ့ပါတယ်။ အဲဒီ့ ဂျက်လေယာဉ် ၂ စီးဟာ လာမယ့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ   မြန်မာနိုင်ငံ ကို ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်း GECAS ဥက္ကဌ Norman C.T. Liu ထုတ်ပြန်ပြေပာဆိုခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ ကုမ္မဏီကြီးတခုရဲ့ လေယာဉ် ရောင်းချမှုမှာ နှစ်ပေါင်း ၄၉ နှစ် ကျော်စစ်အာဏာရှင် လက်အောက်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောင်းချခဲ့တာပါတဲ့။ GE လေကြောင်းကုမ္မဏီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက မြန်မာ့အရောင်းကိုယ်စားလှယ် တဦးမှတဆင့် ပုဂ္ဂလိက   ဆေးရုံ(၂) ရုံဆီခေတ်မီ ဓါတ်မှန်ရိုက် ကရိယာများနဲ့ တချို့ စက်ပစ္စည်းတွေရောင်းချဖို့ သတောတူညီချက် ရရှိခဲ့ ပါတယ်။  

E 190 ဂျက်လေယာဉ်ဟာ ၂၀၀၄ ခုနှစ် မတ်လမှာ စတင်ပျံသန်းခဲ့တာ ဖြစ်ပြီး နိုင်ငံတော်တော်များတွင် အသုံးပြု ပျံသန်းနေခဲ့ပါပြီတဲ့။ လေယာဉ်အင်ဂျင်တွေကို GE အင်ဂျင် ၂ လုံးတပ်ဆင်ခဲ့ပြီး ပျံသန်းမှု နှုန်း (၄၄၄၈) ကီလိုမီတာပျံသန်းနိုင်ပါတယ်။ လေယာဉ်အတွင်း ပထမတန်းထိုင်ခုံ (၉) ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ (၈၈) ခုံပါရှိပါတယ်။

From- ဧရာဝတီ

No comments:

Post a Comment