Tuesday, September 25, 2012

ရသေ့တောင် လူထုအစည်းဝေးသို့ ကိုယ်စားလှယ် (၁၅၀၀)၀န်းကျင်တက်ရောက်


ရခိုင်ပြည်နယ်မြို့နယ်  ၁၇မြို့နယ်မှ  လူထုကိုယ်စားလှယ်များ တက်ရောက်
မည့်ရခိုင်ဒေသ လူထု အစည်းအဝေးကို  ရသေ့တောင်မြို့ အလိုတော်ပြည့်
ကျောင်းဗောဓိသုခ ဓမ္မာရုံတွင် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၇နာရီတွင်
ကျင်းပရာလူဦးရေ ၁၅၀၀ ၀န်းကျင် တက်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ အစည်းအဝေးတွင် ရခိုင်အရေးနှင့်ပတ်သက်သည့်စာတမ်းများဖတ်ကြား မည်ဖြစ်သည်။ ထို့အပြင် မြို့နယ် အသီးအသီးမှ သဝဏ်လွှာများကိုလည်းအဆိုပါ အခမ်းအနားတွင်တင် သွင်းမည်ဟုသိရသည်။

အစည်းအဝေးအပြီး တွင်တက် ရောက်လာကြသည့် လူထု ကိုယ်စားလှယ်များ ကရခိုင်အရေးနှင့် ပတ်သက်၍  ဆုံးဖြတ်ချက်များချမှတ်ကြမည်ဖြစ်ပြီး ၄င်း ဆုံးဖြတ်ချက်များကို နိုင်ငံတော်သမ္မတကြီးနှင့်  ကုလသမဂ္ဂ အပါအဝင်နိုင်ငံ တကာအဖွဲ့အစည်းများသို့ ပေးပို့မည်ဟုသိရသည်။

အဆိုပါရခိုင်ဒေသခံ လူထုစည်းဝေးပွဲကို စက်တင်ဘာလ ၂၄ နေ့တွင်စတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

 စက်တင်ဘာလ ၂၅ရက်မှ ၂၆ရက် ထိ နှစ် ရက်တာကျင်းပမည့်  လူထုအစည်းဝေး တွင်မြို့နယ် အသီးသီး ကိုယ်စားလှယ်များ ၊ ပညာရှင်များ၊ရခိုင်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြမည်ဟုသိရသည်။

လူထုအစည်းအဝေးအကြို့နေ့ဖြစ်သည့်စက်တင်ဘာ ၂၄ ရက်နေ့တွင် မြို့နယ်ကိုယ် စားလှယ်များ၊ပညာရှင်များ ၊လေ့လာသူများစုစုပေါင်းလေးရာကျော် တက်ရောက်ကြသည်။

ကနဦးတွင် အစည်းဝေးနေရာကို ရသေ့တောင်မြို့ မေယုခန်းမတွင်ကျင်း ပရန်စီစဉ်ထားရာ  အခြေအနေအရ  အလိုတော်ပြည့် ကျာင်းရှိဗောဓိသုခဓမ္မာ ရုံတွင်ကျင်းပရခြင်းဖြစ်သည်။
 
From- မြစ်မခမီဒီယာ

No comments:

Post a Comment