Tuesday, September 25, 2012

SARS နှင့်ဆက်နွယ်သည့် ဗိုင်းရပ်စ်ပိုးသစ်တွေ့ရှိကြောင်း WHO သတိပေး

SARS နှင့်ဆက်နွယ်သည့် ဗိုင်းရပ်စ်ပိုးသစ်တွေ့ရှိကြောင်း WHO သတိပေး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)မှ တာဝန်ရှိသူများသည် အစားအသောက် များ တွင် ဗိုင်းရပ်စ်ပိုးမွှားသစ်များ တွေ့ရှိမှုအတွက် သတိပေးချက် ထုတ်ပြန်လိုက်ေ ကြာင်း သိရှိရသည်။ ရောဂါ ဖြစ်ပေါ်နိုင်သည်အထိ သက်ရောက်နိုင်သော ဗိုင်းရပ်စ်ပိုးများ တွေ့ရှိမှု ဖြစ်စဉ်(၂)ခုကို WHOက အတည်ပြုခဲ့ပြီး နာမည်ကျော် SARS ဗိုင်းရပ်စ် မျိုးနွယ်အုပ်စုနှင့် ဆက်နွယ်နေသည်ဟု သံသယရှိ ဖွယ် ဖြစ်စဉ်(၁)ခုကို WHOမှ အာဏာပိုင်များ ဖော်ထုတ်နိုင်ခဲ့သည်။

အနုကြည့် မှန်ပြောင်းဖြင့် တွေ့မြင်နိုင်သော ဗိုင်းရပ်စ်များသည် လူနာအား နမိုးနီးယားနှင့် ကျောက်ကပ် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။ အတည်ပြုနိုင်သော ဖြစ်စဉ် (၂)ခုတွင် အသက်(၄၉)နှစ်အရွယ် လူတစ်ဦးမှာ လန်ဒန် ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ၎င်းသည် စက်တင်ဘာ (၁၁)ရက်နေ့ ကတည်းက ကာတာမှ ဗြိတိန်သို့ လေကြောင်း ခရီးဖြင့် ရွှေ့ပြောင်းလာရသည်။

အခြား ဗိုင်းရပ်စ် အတည်ပြု ဖြစ်ရပ် (၂)ခုတွင်မူ လူနာများ သေဆုံးသွားပြီ ဖြစ်သည်။ ဒေါက်တာ အလီ မိုဟာမက် ဇာကီသည် ဂျာဒါရှိ ဆိုလီမန် ဖာကီ ဆေးရုံတွင် အသက်(၆၀)အရွယ် လူနာတစ်ဦး၌ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကို စတင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ Coronavirus မျိုးနွယ်ဝင် ဗိုင်းရပ်စ်များကို SARSရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုအတွင်း ကမ္ဘာကျော်ခဲ့ပြီး ကမ္ဘာအနှံ့ လူပေါင်း (၈၄၂၂)ဦး ကူးစက်ခံရပြီး (၉၁၆)ဦး သေဆုံးခဲ့သည်။

From- Planet

No comments:

Post a Comment