Wednesday, March 13, 2013

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?





ဒီနေ့ မြို့ထဲရပ်ထဲရွာထဲကို လေ့လာကြည့်လိုက်ရင်လူတွေရဲ့ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ် ဆိုတဲ့စကားလုံးပါ၊ဒီစကားလုံးက တော်တော်လေးရေပန်းစားနေတာကို တွေ့ကြရမှာပါ ။ ပြီးတော့ ရပ်တိုင်းရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေပလူပျံနေအောင် လုပ်နေကြတာပေါ့။ ဒါတွေ ကိုကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထုအပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေးစရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလိုစည်းရုံးရေးကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရ သွားခဲ့ ရင် မြန်မာပြည်အတွက် အကောင်းဘူးလို့ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာမုချမလွဲ ပါဘဲ။မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ်ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းကို ခေါင်းဆောင်သောLeader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာမြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင်အနာဂတ်နေ့ ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင် သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့စိတ်ဓာတ်၊စည်းကမ်း၊ နေမှု ၊ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေ လှပအောင် ဖန်တီး ပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရင် မိဘကောင်းဖြစ်ရုံ နဲ့မလုံလောက်ဘဲ ထက်မြတ်ပြီးတော်တဲ့ မိဘဖြစ်ဖို့ပါလိုအပ်လာပါပြီ။ ဒီလိုပါ ဘဲ မြန်မာပြည်သူတွေအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေ ဟာ ပြည်သူတွေရဲ့မိဘတွေလို့သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင်ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာ ကောင်းရုံနဲ့တင်မရပါဘူး။
မလုံလောက်ပါဘူး Not enough with good ။ထက်မြတ်တဲ့သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ သူတာဝန်ယူရတဲ့ နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာ သာ  နိုင်ငံ တကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီတိုးတက်သော မြန်မာပြည်ဆို တာ ဖြစ်တည် လာမှာ ဖြစ် ပါတယ်။

၂။ NLDပါတီကို ပြည်သူတွေဘာကြောင့်ထောက်ခံနေတာလဲဆိုတာလဲအကြောင်းအရင်တွေ ရှိပါတယ်။ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့အချက်ဟာ အဓိကအကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ဟာ တော်တဲ့၊ထက်မြတ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ် တယ်ဆိုတာမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှ ပြောင်းလဲ တိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွားပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့သူတွေအများကြီးရှိ နေပါတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်း လဲသွားမှာမဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ်ခုကိုတစ်ဦးကောင်း၊ တစ်ယောက်ကောင်း နဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။
စိတ်ဓာတ်ကောင်းမွန်ပြီးထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစုဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်း တစ်ခုက နိုင်ငံ့ ထိပ်ဆုံးခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။

၃။ NLD ထောက်ခံမှုရနေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ကျွန်တော်တို့ မြန်မာပြည် သူတွေ ဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့အောက်မှာနှစ်ပေါင်း ၂၀ ကာလလောက် နေခဲ့ရတဲ့အတွက် စနစ်အပြောင်း အလဲ တစ်ခုကို အင်မတန်လိုချင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက် အုပ်စုများရဲ့ ဒဏ်ခတ်စီးပွားရေးပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊လူမှုဘ၀မြင့်မားတိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင်အများကြီးနောက်ကျကျန်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလိုနေရင်း အုပ်ချုပ်သူလူတန်းစားကို မုန်းတီး မှုတွေကြီး ထွားလာခဲ့ပြီးဒီလုတွေ၊ဒီပါတီဆိုရင်တော့ ကောင်းတာလုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ် လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ်ဆိုတဲ့ အမုန်းတရားစိတ်ဓာတ်တွေဝင်နေတဲ့ အချက်ပဲဖြစ် ပါတယ်။ ဒီနေရာမှာ တစ်ခုဖြည့်စွက်ပြောချင်တာကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးစုအများဆုံး နဲ့ သောင်းကျန် သူလက်နက် ကိုင်အဖွဲ့အစည်းအများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ အဲဒီတိုင်းပြည်ငြိမ်းချမ်းမှုရှိလားမရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ကြိုက်တဲ့အစိုးရတက် အဲဒီတိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ် မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှမတူတဲ့သမိုင်းကြောင်းနောက်ခံတွေ ရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိကအချက်တစ်ခုဖြစ်နေပါတယ်။

၎။ နောက်ထပ်အကြောင်းအရင်းကြီးတစ်ခုကတော့ NLD ပါတီရဲ့ပြည်သူလူထုကိုစည်းရုံးရေး လုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တယ်ဆိုတာရယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရရဲ့လုပ်ကိုင်ဆောင် ရွက်သမျှကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ်ပြောဆိုတဲ့အလုပ်ကို လက်ကိုင်တုတ်သဖွယ်အသုံးပြုတဲ့အချက်ဖြစ်ပါတယ်။ ဒီလိုရေးသာရတာဟာ NLD ကိုပုတ်ခတ်ပြောဆိုတာဟာလုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေး အစည်းအဝေးတွေမှာ သွားနားထောင်ကြည့်လိုက်ရင်ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူများဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ဟာ ကွက်ပျော့ ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံးပြောဆိုရင် အဲဒီလူတွေ ကိုကြိုက်ကြပါ တယ်။ထောက်ခံကြတယ်။ ဒါဟာ လူ့သဘောသဘာဝလဲ ဖြစ်တဲ့အတွက် အပြစ်တော့မဟုတ်ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင် တစ်ယောက်က လူထုစည်းရုံးရေးလုပ်တဲ့အစည်းဝေးတစ် ခုမှာပြောလိုက် တယ်။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရလက်ထက် တုန်းကလူတွေ၊ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့လူတွေ၊ နဂိုကလည်း ဒီလူတွေလုပ်ခဲ့လို့ တိုင်းပြည်မတိုးတက်တာ၊ အခုလဲ ဒီလူတွေ ဘဲဆိုတော့ဘာမှထူးလာမှမဟုတ်ဘူး။ကျွန်တော်တို့ပြည်သူတွေဘ၀ အရောင်ပြောင်းမှာမဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့အချိန်မှာ အောက်ကလူတွေက လက်ခုပ်တဗြောင်း၂ တီးပြီးထောက်ခံကြတယ်။ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်းတာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြော ဆိုစည်းရုံးမှုတွေရဲ့အောက်မှာအမှားအမှန်းကို သေသေချာချာကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာ မသိနဲ့သူများတွေလက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% နှုန်းလောက်ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကို လွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒ လက်ကိုင် ထားပြီးထိုးနှက်တိုက်ခိုက်တဲ့ အပေါစားစည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေအောက်မှာ ဟုတ်များ ဟုတ်လေမလားဆိုပြီး ယောင်ဝါးဝါးနဲ့ ထောက်ခံနေမိကြတာဖြစ်ပါတယ်။

၅။ NLD ပါတီမှာ ဘယ်လိုအရည်အချင်းရှိတဲ့လူတွေနဲ့ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည် သူတွေ မေ့လျော့ နေတဲ့ အရေးကြီးဆုံးအချက်တစ်ခုရှိနေပါသေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံး ပါဝင်တဲ့လူတွေက အစိုးရအပေါ်မှာတစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာအရည်အချင်းကအစ နည်းပါတဲ့သူတွေ အများဆုံးပါဝင်ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေ ရွာက NLD ပါတီဝင်တွေကိုရွာရောက် တုန်းလေးလာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ ကို ကျွန်တော်မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လို ၀င်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲမေးကြည့်တော့ဦးလေလဲမသိပါဘူးငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီး က ခေါင်းမှာ အနီရောက်အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင် ထားတာကွ လူတွေတရုံးရုံးနဲ့ NLD ဈေး ပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ်ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကလုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါနေရတာပေါ့ကွ လူအထင်ကြီးတော့နည်းသလားတဲ့ ၊ ဒါဆိုဦးလေးဘာတာဝန်တွေယူထားလဲဆိုတော့ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီးဈေးရောင်းတော့ အမြတ်ကလေးဘာလေးလဲရ၊ ငါလဲဟန်ပါပါနေ လို့ရတာပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေ Democracy ကိုတော့သိတယ်မဟုတ်လားဆိုလား အင်းငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်းစုကြည်ဝယ်ထားပြီးပြီတဲ့ဟ အရင်တုန်း ကတော့ ဒေါ်စု က Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလိုပြောခဲ့တာပါ ဒါဟာလက်တွေဖြစ်ပျက်ခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့ သူတွေဖြစ်ဖို့ အရေးအလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ရာလာဒ်ဟာ ကြာဖြတ်ရွေးကောက်ပွဲလေးဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှ မသိသာ ခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာသေ ချာမ ဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေထားပြီး မဲပေးကြဦးမယ်ဆိုရင် အနာဂတ်မြန်မာနိုင်ငံကြီးဟာကျွန်တော်တို့ပြည်သူတွေမျော်လင့်ထားတဲ့ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ဆိုတာ သုံးသပ် တင်ပြလိုက်ရပါတယ်။

Jing Hpaw Land

No comments:

Post a Comment