Wednesday, March 13, 2013

ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ


ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ်ကာလအတွင်းက ပမာဏထက်ပို၍ ပူနွေး လာခဲ့ပြီး ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်။
ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ်အကုန်မှ စ၍ ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကို လေ့လာရန်အတွက် ကမ္ဘာ တစ်ဝန်းရှိနေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့ သည့် ကျောက်ဖြစ် ရုပ်ကြွင်းများကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့်
holocene ကာလ စတင်ချိန် အတော အတွင်း၌ အချိန်ကာလ ၇ဝ ရာခိုင်နှုန်းနှင့် ၈ဝ ရာခိုင်နှုန်း ခန့်သည် ယခုခေတ် ကာလထက် အပူချိန် အားဖြင့်ပို၍ အေးမြသည်ကို တွေ့ရှိ ခဲ့ကြသည်။
ပညာရှင် များ၏ လေ့လာချက် အရ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝ ကျော် အတွင်း ယေ ဘုယျအားဖြင့် သုည ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အပူချိန် လျော့ကျ ခဲ့သည်ကို တွေ့ရှိ ခဲ့ကြသည်။ ယင်းတွေ့ရှိချက်ကို သိပံ္ပပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။
သို့သော် စက်မှုထွန်းကားသည့် ခေတ်စတင်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ခန့်ကာလအတွင်း၌ ကမ္ဘာကြီး၏ အပူချိန်သည် အချို့ နေရာများတွင် စတင် ပြောင်းလဲမှု ဖြစ်ပေါ် ခဲ့သည်။
ကမ္ဘာ့ရာသီဥတုသည် ၂၁ဝဝ ပြည့်နှစ်ခန့်တွင် ၁ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ် အထူးသဖြင့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု အပေါ်မူတည်၍ မြင့်တက်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူ များက ခန့်မှန်းထားသည်။ ယင်းကာလအတွင်းရှိ ကမ္ဘာ မြေကြီး၏ အပူချိန်သည်လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ခန့်အတွင်းက ရှိခဲ့သည့် အပူချိန်ထက် ပိုမို မြင့်တက်လာဖွယ် ရှိသည်ဟု အော်ရီဂွန် ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ပီတာကလာ့ခ်က ပြောကြားထားသည်။
ကမ္ဘာ မြေကြီး၏ တစ်စိတ်တစ်ဒေသမှ အပူချိန်ပြောင်းလဲမှုဆိုင်ရာ သမိုင်းကို လေ့လာ ကြည့်ပါက ယင်းဒေသ အတွင်း ဖြစ်ပွားခဲ့သည့် သမုဒ္ဒရာ ရေမျက်နှာပြင်ပူနွေးလာမှုများ သို့မဟုတ် မုတ်သုံရာသီ ပြောင်းလဲမှု စသော ဒေသတွင်းရှိ ရာသီဥတု ပြောင်းလဲမှုများ အပေါ် မူတည်၍ ပြောင်းလဲမှု ရှိနိုင်သောကြောင့် တစ်ကမ္ဘာ လုံးရှိ ဒေသများစွာမှ အချက်အလက်များကို လေ့လာစစ်ဆေးခြင်းအားဖြင့် ကမ္ဘာ့အပူချိန် ပြောင်းလဲမှု သမိုင်းကို ပိုမို ရှင်းလင်းစွာ ခန့်မှန်းနိုင်မည် ဖြစ်သည်ဟု ကလာ့ခ်က ပြောကြားထားသည်။
မြ၀တီ

No comments:

Post a Comment