ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေး မည်ဖြစ်ရာ နှစ်ဖက် တပ်များ အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ် အခတ်ရပ်စဲရေး စာချုပ် ပြန်လည် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်ဦးလှမောင်ရွှေက ပြောသည်။
၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသာ လက်နက်ကိုင် ကေအိုင်အေတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း၂၀၁၀ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့ကြောင်း သိရပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် ရှားပါးသွား ခဲ့ကြောင်း သိရသည်။
“နှစ်ဖက်တပ်တွေသာ ယုံကြည်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဧပြီ ၁၀ မတိုင်မှီ ၉၄ တုန်းကလိုမျိုး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်နိုင်မယ်လို ယူဆတယ်။ ခိုင်မာတဲ့အပစ်အခတ် ရပ်စဲရေးရသည်အထိလို့ ဆိုလိုတာက အခြေခံကျတဲ့ ယုံကြည်မှု မရှိရင်မဖြစ်ဘူးလေ” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သော ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာချက်တွင် ဆက်လက် ၍ ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာကိစ္စများကို ဆက်လက်ညှိနှိုင်း သွား မည် ဖြစ်ပြီးလိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ၊ သက်ဆိုင်ရာအောက်ခြေ တပ်ဖွဲ့ များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည် ဟု တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆက် လျဉ်း၍ ပါရှိသည်။
၂၀၁၂ ခုနှစ် မေလက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး အဆို ပါ ပြင် ဆင်သည့်အဖွဲ့သည် KIO/KIA မှ ငြိမ်းချမ်းရေး ဆွေးနွေးသူများနှင့် တရားဝင် ၅ ကြိမ်ဆွေးနွေး ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။
အဆိုပါသဘောတူ ညီချက်များတွင် ဧပြီ ၁၀ ရက်မတိုင်မှီအချိန်၌နောက် တစ်ကြိမ်ဆွေးနွေးပွဲ ပြုလုပ်သွား မည်ဖြစ်ကြောင်း ထပ်မံသိရသည်။
စူးရှ
The Myanma Age
ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေး မည်ဖြစ်ရာ နှစ်ဖက် တပ်များ အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ် အခတ်ရပ်စဲရေး စာချုပ် ပြန်လည် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်ဦးလှမောင်ရွှေက ပြောသည်။
၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသာ လက်နက်ကိုင် ကေအိုင်အေတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း၂၀၁၀ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့ကြောင်း သိရပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် ရှားပါးသွား ခဲ့ကြောင်
“နှစ်ဖက်တပ်တွေသာ ယုံကြည်ထိန်းသိမ်းနိုင်မယ်ဆိုရင
ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သော ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာချက်တွင် ဆက်လက် ၍ ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာကိစ္စများကို ဆက်လက်ညှိနှိုင်း သွား မည် ဖြစ်ပြီးလိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ၊ သက်ဆိုင်ရာအောက်ခြေ တပ်ဖွဲ့ များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည် ဟု တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင
၂၀၁၂ ခုနှစ် မေလက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး အဆို ပါ ပြင် ဆင်သည့်အဖွဲ့သည် KIO/KIA မှ ငြိမ်းချမ်းရေး ဆွေးနွေးသူများနှင့် တရားဝင် ၅ ကြိမ်ဆွေးနွေး ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။
အဆိုပါသဘောတူ ညီချက်များတွင် ဧပြီ ၁၀ ရက်မတိုင်မှီအချိန်၌နောက် တစ်ကြိမ်ဆွေးနွေးပွဲ ပြုလုပ်သွား မည်ဖြစ်ကြောင်း ထပ်မံသိရသည်။
စူးရှ
The Myanma Age
No comments:
Post a Comment